မြန်မာပြည်လာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

အာဆီယံပဋိညာဉ်အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဟာ တခြားတစ်နိုင်ငံကို ထုတ်ပယ်ခွင့်မရှိဘူးလို့လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောလာ

မြန်မာနိုင်ငံကိုလာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က ဒီနေ့ ဒီဇင်ဘာလ ၆ ရက်မှာ ထုတ်ပြောလာပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက လာမယ့်နှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့အခါ အစည်းအဝေးပွဲတွေကို အဖွဲ့ဝင်နိုင်ငံတွေအားလုံးကိုယ်စားပြုတက်ရောက်သင့်တဲ့အကြောင်းလည်း သူကပြောလာပါတယ်။

မြန်မာ့အရေးအာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိဘူးဆိုပြီး အာဆီယံက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးပွဲတွေကို မဖိတ်ကြားခဲ့ပါဘူး။

အဲဒီအစား နိုင်ငံရေးနဲ့မဆက်နွယ်တဲ့ကိုယ်စားလှယ်တစ်ဦးကိုပဲ အစည်းအဝေးပွဲတွေ တက်ခွင့်ပေးမယ်လို့ ဖိတ်ကြားခဲ့လို့ စစ်ကောင်စီဘက်က ဒါဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာဆိုပြီး ဆွေးနွေးပွဲတွေကို လူမလွှတ်ခဲ့ပါဘူး။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့ မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လို့ စစ်ကောင်စီဘက်ကလည်း ဆွေးနွေးပွဲတွေကို တက်ခွင့်ရှိတယ်လို့ တရုတ်ရန်ပုံငွေနဲ့ မတည်တဲ့ဆောက်လုပ်ရေးစီမံကိန်းတစ်ခုဖွင့်ပွဲမှာ ပြောလာတာပါ။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီနေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို ခရီးစဉ်စတင်တယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေလို့ ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်နေပါတယ်။

BBC Burmese
မြန်မာပြည်လာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော မြန်မာပြည်လာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 17:48 Rating: 5

No comments:

Powered by Blogger.