ကသာမြို့နယ်အတွင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွား စကစဘက်မှ ၅ ဦးသေ


ဇေယျာတိုင်း၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ဒီဇင်ဘာ ၇ရက် ဒီကနေ့ ညနေပိုင်း ၃နာရီ ၃၀မိနစ်အချိန်ခန့်က ကသာခရိုင်တပ်ရင်း-(၁) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)နှင့် တပ်မ(၈၈) လက်အောက်ခံ ခမရ(၄၁၈)တို့ ကသာမြို့နယ်၊ ပန်းသေးကျေးရွာ အနီးတွင် ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

တပ်မ(၈၈) လက်အောက်ခံ ခမရ(၄၁၈)ရှိ စစ်ကောင်စီတပ်များဟာကသာမြို့ကနေ စစ်ကြောင်းထွက်လာသည်ကို သတင်းရ၍ ကသာခရိုင်တပ်ရင်း (၁)နှင့်ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့မှ ကသာမြို့နယ်၊ ပန်းသေးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်မှ စကစဘက်မှ ၅ ဦးကျဆုံးကြောင်းသိရသည်။

ဒါ့အပြင် ကသာတပ်ရင်း(၃၀၉)မှလည်း လက်နက်ကြီးများဖြင့် အချက် (၄၀) ထက်မနည်း သမ်းရမ်းပစ်ခတ်မှုများ ​ဖြစ်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်ဖြစ်တဲ့ KathaRevolution မှထုတ်ပြန်ထားသည်။

ယနေ့ နံနက်၄နာရီ အချိန်တွင် ပေါက်ကွဲမှုများကြားခဲ့ရပြီး ကသာမြို့နယ် သဖန်းကိုင်းရပ်ကွပ်ရှိ Mytel တာဝါတိုင် နဲ့ ကသာမြို့နယ် လျှပ်စစ်ရုံးတို့မှ ထွက်ပေါ်ကြောင်းသိရှိရပါတယ်။

ဒီကနေ့ ညနေပိုင်းတိုက်ပွဲအပြီးမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

ကသာမြို့နယ်အတွင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွား စကစဘက်မှ ၅ ဦးသေ ကသာမြို့နယ်အတွင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွား စကစဘက်မှ ၅ ဦးသေ Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.