ရေး - သံဖြူဇရပ် ကားလမ်းမှာ စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရ


မော်လမြိုင်၊ ဒီဇင်ဘာ ၇

ရေးမြို့မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာတဲ့ စစ်ကားတစ်စီးကို ဒီကနေ့ နံနက်ပိုင်းက လိမ္မော်ခြံကျေးရွာနဲ့ အောင်သပြေကျေးရွာအကြား အောင်သုခဇရပ်အနီးမှာ ရေး PDF တပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Black Lightning Force က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၉ ဦးသေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)မှ အန္တရာယ်ကင်းစွာဆုတ်ခွာလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူစာရင်းကို ထုတ်ပြန်ထားခြင်းမရှိဘဲ ယင်းကိစ္စနဲ့ပတ်သက်ပြီး ရေးမြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ

" ကျွန်တော်တို့သိသလောက်က စစ်တပ်သုံး ဟိုင်းလက်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာမှန်တယ်၊ စစ်ကောင်စီဘက်က သေဆုံးသူရှိတာလည်း မှန်တယ်။ ဘယ်လောက်သေလဲဆိုတာတော့ သူတို့လဲ အတိအကျမသိရဘူး။ ပြင်းထန်ဒဏ်ရာရတဲ့သူတော့ ရှိတယ်တဲ့။ " ဟု ၎င်းက ပြောသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းမှာ ရေးမြို့နယ်မြောက်ပိုင်း KNU တပ်မဟာ ၆ နယ်မြေမှာ KNU နဲ့ စစ်ကောင်စီတပ်ဖွဲ့အပြန်အလှန်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပါတယ်။

ရေးမြို့နယ်မှာဆိုရင် စစ်အုပ်စုသတင်းပေးဒလန်နေအိမ်တွေ၊ ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏ ဗုံးဖောက်ခွဲခံရနေတဲ့အပြင် ယခုရက်ပိုင်းတွေမှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာ ရသူများနေပါတယ်။


သတင်း - သံလွင်တိုင်းမ်


ရေး - သံဖြူဇရပ် ကားလမ်းမှာ စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရ ရေး - သံဖြူဇရပ် ကားလမ်းမှာ စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.