စစ်​ကောင်စီက မိုဘိုင်းအင်တာနက်​စျေးနှုန်း နှစ်ဆမြှင့်တင်ရန် ​အော်ပ​ရေတာ​များကို ညွန်ကြား

 


အကြမ်းဖက်စစ်ကောင်စီက မိုဘိုင်းအင်တာနက်ဈေးနှုန်းကို နှစ်ဆမြှင့်တင်ရန် မိုဘိုင်းအော်ပရေတာကုမ္ပဏီများထံ ညွန်ကြားခဲ့ကြောင်း မိုဘိုင်းအော်ပ ရေတာကုမ္ပဏီများထံမှ သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနှင့် မိုဘိုင်းအင်တာနက်ဈေးနှုန်းများကိုပြောင်းလဲသတ်မှတ်သွားမည်ဟု မိုဘိုင်းအော်ပရေကုမ္ပဏီများက သုံးစွဲသူများထံ ဒီဇင်ဘာ၂ ရက် ညနေပိုင်းကစပြီး စာတိုမက်ဆေ့များပေးပို့လာသည်။ 

မိုဘိုင်းအင်တာနက် ၉၅၀MBကို ၉၉၉ကျပ် ဝယ်ယူထားပါက သက်တမ်းကုန်ဆုံးသည်အထိ ထိုနှုန်းများအတိုင်းအသုံးပြုနိုင်မည်ဟု အော်ရီဒူးမိုဘိုင်းအော်ပရေတာကုမ္ပဏီက သုံးစွဲများကို အသိပေးစာပေးပို့ထားကြောင်း ဖုန်းသုံးဆွဲသူများက ​ပြောသည်။ ​ဈေးနှုန်းမြှင့်

မည့်နှုန်းအသစ် မှာ ၉၉၉ ကျပ်လျှင် မိုဘိုင်းအင်တာနက် 500MBသာရရှိနိုင်တော့မည်ဟု မိုဘိုင်းအော်ပရေတာကုမ္ပဏီဝန်ထမ်းများက ​ပြော သည်။ ထို​ကြောင့် ​ဈေးနှုန်း နှစ်ဆခန့် မြှင့်တင်လိုက်ခြင်းဖြစ်သည်။ ​ဈေးနှုန်းတိုးမြှင့်ခြင်းကို ဒီဇင်ဘာ ၇ ရက်တွင်စတင်မည်ဟုလည်းသိ့ရသည်။

သို့​သော် ဖုန်း​ခေါ်ဆိုခ မည်မျှ​ဈေးတက်မည်ကိုမူမသိ့ရ​သေး​ပေ။

အရပ်သားအစိုးရလက်ထက်တွင်  မိုဘိုင်းအင်တာနက် 1G( 1 G လျှင် 1024 MB ရှိသည် )  ကျော်ကို တစ်ထောင်ကျပ်ဖြင့်ဝယ်ယူနိုင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီက  950MBကို ၉၉၉ကျပ် သို့ ဈေးတက်ရန်  ဇွန်လတွင်းက မိုဘိုင်းအော်ပရေတာကုမ္ပဏီများကို ဖိအားပေးခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မိုဘိုင်းအော်ပရေတာများ၏ အင်တာနက်အသုံးပြုခဈေးနှုန်းများကို စစ်ကောင်စီက မြှင့်တက်လိုက်ပြီးနောက် ယခုအခါ ဒုတိယအကြိမ်မြှင့်တင်ရန် ကြိုးစားလာခြင်းဖြစ် သည်။ ထို့အပြင် အခြားပရိုမိုးရှင်းများကိုလည်း မပေးရန် တားမြစ်ခဲ့သည်။ ထို​ကြောင့် ဒုတိယအကြိမ် ထပ်မံဈေးမြှင့်ရန် စစ်ကောင်စီကစီစဥ်​နေခြင်းဖြစ်သည်

“Digital Strikeတို့ ၊ အွန်လိုင်းကမ်ပိန်းတို့ကို အင်အားလျော့အောင်လုပ်ချင်ပဲ။ ဒါကလူတွေ အင်တာနက်မသုံးနိုင်အောင် လုပ်တာပါပဲ”ဟု တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်​ကောင်စီသည် အင်တာနက်နှင့်ဖုန်းလိုင်များကို ဖြတ်​တောက်ခြင်း၊ ဖုန်း​ပြောဆိုမှုများကို ကြားဖြတ်နား​ထောင်ခြင်း စ​သော လူအခွင့်အ​ရေးချိုး​ဖောက်မှုများကိုဆက်တိုက်ပြုလုပ်​နေခြင်းဖြစ်သည်။


People's Spring 

စစ်​ကောင်စီက မိုဘိုင်းအင်တာနက်​စျေးနှုန်း နှစ်ဆမြှင့်တင်ရန် ​အော်ပ​ရေတာ​များကို ညွန်ကြား စစ်​ကောင်စီက မိုဘိုင်းအင်တာနက်​စျေးနှုန်း နှစ်ဆမြှင့်တင်ရန် ​အော်ပ​ရေတာ​များကို ညွန်ကြား Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.