ပြည်ဈေးကြီးမှာ ကော်သေနတ်ပြပြီး လုယက်သူကို ဝိုင်းဝန်းဖမ်းဆီးရမိ


ပြည်၊ ဒီဇင်ဘာ ၁၊ ၂၀၂၁။

ပဲခူးတိုင်း‌၊ ပြည်မြို့၊ မြို့မဈေးကြီးက ရွှေဆိုင်ကို ကော်သေနတ်နဲ့ ခြိမ်းခြောက်ပြီး ပစ္စည်းလုယူသွားသူကို ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

ဒီနေ့မနက် ၈နာရီလောက်မှာ ပြည်ဈေးကြီးမှာရှိတဲ့ "တခိုင်လုံး"ရွှေဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်ပြပြီး ‌ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"လက်စွပ်ပြခိုင်းတာ သေနတ်နဲ့ချိန်ပြီးပစ်ထည့်လိုက်မယ်လို့​ပြောတယ် ဆိုင်ရှင်အမျိုးသမီးက သူ့အက်ျီရင်ဘက်ကိုလှမ်းဆွဲပြီး​အော်​တော့ ထွက်​ပြေးသွားတယ် ထွက်​ပြေး​တော့စျေးထဲကလူတစ်ယောက်ကလှမ်းဆွဲ အက်ျီကိုဆွဲမိ​တော့အက်ျီကိုချွတ်​ပြေးတယ်ပစ္စည်း​တော့ပါသွားတယ် ဖမ်းမိ​တော့ပြန်ရတယ်" လို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က ပြောပါတယ်။

ကော်သေနတ်နဲ့ခြိမ်းခြောက်ပြီး ပစ္စည်းလုသွားသူကိုအနီးနားက လူတွေ ဝိုင်းဖမ်းလိုက်ကြပြီး ဈေးခေါင်းရုံးကတဆင့် ရဲလက်အပ်လိုက်ပြီး သရုပ်ပြ ပြန်လုပ်ပြကာ ဖမ်းဆီးသွားတယ်လို့ အဲ့ဒီ‌ဈေးက ဈေးသည်တစ်ဦးက ပြောပါတယ်။

ပြည်မြို့မှာ လုယက်မှုတွေ မကြာခဏဖြစ်နေပြီးဈေးကြီးမှာ အခုလို သေနတ်ပြပြီး ပစ္စည်းလုတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ပြည်ဈေးကြီးမှာ ကော်သေနတ်ပြပြီး လုယက်သူကို ဝိုင်းဝန်းဖမ်းဆီးရမိ ပြည်ဈေးကြီးမှာ ကော်သေနတ်ပြပြီး လုယက်သူကို ဝိုင်းဝန်းဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:09 Rating: 5

No comments:

Powered by Blogger.