စစ်တပ်ရိက္ခာသယ်တဲ့ကား ဗုံးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ


ကျိုက်ထို၊ ဒီဇင်ဘာ ၁

ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရိက္ခာသယ်ကားတစ်စီး ဗုံးပစ်ထည့်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ယနေ့ မနက်ပိုင်း ၉ နာရီခန့်မှာ ရိက္ခာသယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီကားတစ်စီးကို အမည်မသိ လူတစ်စုက ဗုံးပစ်ထည့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကားထဲ ဗုံးပစ်ထည့်ခံရတာကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။

"ပေါက်ကွဲသံတော့ ကြားတယ်။ သိရတာက ရိက္ခာသယ်လာတဲ့ ကားကို ဗုံးပစ်ထည့်ခံရတယ်။ ဖြစ်တာက ဘိုက္ကားကုန်းတက်နားလို့ သိရတယ်။ ဆိုင်ကယ်နဲ့ပစ်သွားတာလား ကားနဲ့ပစ်တာလားဆိုတာတော့ သေချာမသိရဘူး။ 

ထိခိုက်သေဆုံးတာတော့ရှိတယ်။ ဒဏ်ရာရသူတွေလဲရှိတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေနဲ့သေဆုံးသူတွေကို ဆေးရုံကို ပို့ဆောင်ဖို့ ကားတွေနဲ့သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်/ Than Lwin Times 

စစ်တပ်ရိက္ခာသယ်တဲ့ကား ဗုံးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ စစ်တပ်ရိက္ခာသယ်တဲ့ကား ဗုံးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:11 Rating: 5

No comments:

Powered by Blogger.