ဒီပဲယင်းနယ် ဂဠုန်တပ်တော်မှ ရဲဘော်သုံးဦး မိုင်းစမ်းသပ်စဉ် မတော်တဆဖြစ်ကာ ကျဆုံး

ဂဠုန်တပ်တော်မှ ကျဆုံးရဲဘော်များ၏ နာရေး/ Photo - ဂဠုန်တပ်တော်

ဒီဇင်ဘာ - ၆

စစ်ကိုင်းတိုင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်မှ ရဲဘော်သုံးဦး မိုင်းစမ်းသပ်စဉ် မတော်တဆမှုဖြစ်ကာ ကျဆုံးသွားကြောင်း ဂဠုန်တက်တော်က  ဒီဇင်ဘာ(၆)ရက်တွင် သတင်းထုတ်ပြန်သည်။

"ရွားနားနီးပြီတဲ့။ ခွေးလာရာလမ်း မိုင်းခင်းမယ့် လက်တွေ အခုတော့ ကြေမွပါရော့။ တနယ်လုံးမွှေ တမြို့လုံး အချေမခံနိုင်၊ တိုက်မိုင်းတွေ ဆင်ကြမယ့်သူတွေ အခုတော့ တားမြစ်တဲ့ ပညာရပ် အခါးဓာတ်သင့်ပြီ။ အပြစ်မဆိုသာဘူးဗျာတို့၊ ကျုပ်လည်း ထို့အတူ နီးရာလက်နက် ကိုယ့်လက်နက်လေ" ဟု ရဲဘော်သုံးဦး ကျဆုံးမှုနှင့် ပတ်သက်၍ ဂဠုန်တပ်တော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းစမ်းသပ်စဉ် မတော်တဆမှု ဖြစ်၍ ကျဆုံးသွားသော ဂဠုန်တပ်တော် ရဲဘော်များသည် ရဲဘော်အေးဇော်ဝင်း၊ ရဲဘော်ဇော်ဇော်နိုင်နှင့် ရဲဘော်မျိုးမင်းထက်တို့ ဖြစ်သည်ဟု ဆိုသည်။

"မတော်တဆ ဖြစ်တာထင်တယ်။ သူတို့ထုတ်ပြန်ချက်အရလေ။ မနေ့ကလည်း အဲဒီလို ဖြစ်ခဲ့တာ ရှိတယ်" ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က MFP သို့ ပြောသည်။

တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့ကြသည့် ဂဠုန်တပ်တော်မှ ကျဆုံးရဲဘော် အာဇာနည်သူရဲကောင်းများအား ကျွန်ုပ်တို့ ဂဠုန်တပ်တော်မှ ထာဝရ လေးစားဂုဏ်ပြု ဦးညွှတ် အလေးနီပြုပါသည်ဟု ဂဠုန်တပ်တော်က ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီက ဒီပဲယင်းမြို့နယ်သို့ လက်နက်ကိုင် အင်အား (၄၀၀)ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲကာ ထိုးစစ်ဆင်နေသလို ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ မွှေနှောက်သောင်းကြမ်းဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

ဒီပဲယင်းနယ် ဂဠုန်တပ်တော်မှ ရဲဘော်သုံးဦး မိုင်းစမ်းသပ်စဉ် မတော်တဆဖြစ်ကာ ကျဆုံး ဒီပဲယင်းနယ် ဂဠုန်တပ်တော်မှ ရဲဘော်သုံးဦး မိုင်းစမ်းသပ်စဉ် မတော်တဆဖြစ်ကာ ကျဆုံး Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.