BGF တပ်ဖွဲ့က ဒေသခံကျေးရွာ လူထုထံမှ ဝက်တစ်ကောင်နှင့် စခန်းပြုပြင်ရန် သစ်ကား (၅)စီးကို အဓမ္မတောင်းယူ

ဓာတ်ပုံ-ညောင်ကုန်းBGFဂိတ်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉ရက်၊ သထုံခရိုင်

ဒီဇင်ဘာလ (၆)ရက်နေ့က ညောင်ကုန်းကျေးရွာတွင် ဂိတ်စခန်းချတပ်စွဲထားသော (BGF-၁၀၁၄) တပ်ရင်း လက်အောက်ခံတပ်မှကေအဲန်ယူ-ဖားအံမြို့နယ်၊ ကျုံခနကျေးနယ်အုပ်စုအတွင်းရှိ တံတားဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ကျုံခန ကျေးရွာ ပြည်သူများထံမှ ပိဿာချိန် (၅၀)ရှိသော ဝက်တစ်ကောင်နှင့် BGFစခန်းပြုပြင်ရန်အတွက် ခြောက်ဘီးကားဖြင့် သစ်ကား(၅)စီးကိုလည်း အဓမ္မတောင်းယူခဲ့သည်။

"ဒီဇင်ဘာ၅ရက်နေ့က နိုးရားကုန်းရွာနှင့်တံတားဦးရွာ ကြားမှာ စစ်ကောင်စီကားကို KNLAက မိုင်းဆွဲတိုက်ခိုက်တာကို မကျေနပ်လို့ ဒဏ်ရိုက်တဲ့ အနေနဲ့ အခုလိုလုပ်တာ"ဟု ကေအဲန်ယူ ဖားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံမှ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ညောင်ကုန်းBGF ဂိတ်ကို ဦး ဆာင်သူများမှာ မိုးဟိန်းနှင့် ဖားကနူတို့ဖြစ်ပြီး BGF- ၁၀၁၄၊ တပ်ခွဲ (၂)မှူး တင်ဝင်း၏ လက်အောက်ခံ တပည့်များဖြစ်သည်ဟု သိရသည်။


KNU-Doo Tha Htu District

BGF တပ်ဖွဲ့က ဒေသခံကျေးရွာ လူထုထံမှ ဝက်တစ်ကောင်နှင့် စခန်းပြုပြင်ရန် သစ်ကား (၅)စီးကို အဓမ္မတောင်းယူ BGF တပ်ဖွဲ့က ဒေသခံကျေးရွာ လူထုထံမှ ဝက်တစ်ကောင်နှင့် စခန်းပြုပြင်ရန် သစ်ကား (၅)စီးကို အဓမ္မတောင်းယူ Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.