"ဆင်တလည်ကျေးရွာမှ ကိုယ်ထူကိုယ်ထမူးမြစ်ကူးတံတားကို ရွာအုပ်ကြီး ဝင်းနိုင်နှင့် ပျူစောထီးများဖျက်ဆီး၊ ရွာခံအိမ်(၂)လုံးကိုလည်း ယနေ့ ဝင်ရောက်မွှေနှောက်သွားခဲ့"

(ဓာတ်ပုံ - ဆင်တလည်ကျေးရွာမှ ဖျက်ဆီးခံရသော မူးမြစ်ကူးတံတားနှင့် နေအိမ်များ)

9.12.2021(THU) | 2:15 PM

အရာတော်အရှေ့တောင်ဘက်ဖျား၊ မူးမြစ်ဘေးတွင်ရှိသည့် ဆင်တလည်ကျေးရွာကို ယနေ့ မနက်က ပျူစောထီးများရောက်လာပြီး ရွာခံပြည်သူ့နေအိမ်များကို ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်။ 

မနေ့ကလည်း ဆင်တလည်ကျေးရွာနှင့် မူးမြစ်အရှေ့ဘက်ကမ်းကျေးရွာမှ ပြည်သူများ ကိုယ်ထူကိုယ်ထ ပူးပေါင်းဆောက်လုပ်ထားသည့် မူးမြစ်ကူးတံတားကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအမိန့်ဟု ဆိုကာ ဖျက်ဆီးပစ်စေသည်ဟု သိရှိရသည်။

ယနေ့ မနက်(၈)နာရီခန့်က သလဲဘာကျေးရွာမှ ပျူစောထီးအဖွဲ့များက ဆင်တလည်ကျေးရွာကို ရောက်ရှိလာပြီး ရွာခံစစ်ကောင်စီအုပ်ကြီး ဝင်းနိုင် ၏ လမ်းညွှန်မှုဖြင့် ရွာထဲမှ သံပန်းလုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်လုံးနှင့် ၎င်းဆွေမျိုးတချို့၏ နေအိမ်များကို ဝင်ရောက်မွှေနှောက်သွားခဲ့သည်။ နေအိမ်များရှိ တန်ဖိုးရှိ အိမ်သုံးပစ္စည်းများကို ဖျက်ဆီးသွားခဲ့သည်ဟု ရွာခံများထံမှ သိရှိရသည်။ 

ရွာခံမျက်မြင်တစ်ဦးက "အုပ်ကြီးကိုယ်တိုင် လမ်းပြတာပါဗျ။ လမ်း‌မှာ တွေ့တဲ့လူတွေရဲ့ ဖုန်းတွေသိမ်းပြီး အုပ်ကြီးဆီမှာ ပြန်လာယူဖို့ ပြောသွားတယ်။ PSI စလောင်းတွေကိုလည်း ဖြုတ်ပြီးရင် လာအပ်ဖို့ လိုက်သတိပေးသွားတယ်။"ဟု သတင်းမှန်ကို ပြောသည်။ 

မူးမြစ်ကူးတံတားကိုလည်း မနေ့က ဖျက်သွားသည့်အပြင် ရွာရှိ စက်လှေသမားများကိုလည်း တစ်ဖက်ကမ်းသို့ မည်သူ့ကိုမှ လိုက်မပို့ရန် ခြိမ်းခြောက်သွားသည်ဟု အတည်ပြုသိရှိရသည်။


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

"ဆင်တလည်ကျေးရွာမှ ကိုယ်ထူကိုယ်ထမူးမြစ်ကူးတံတားကို ရွာအုပ်ကြီး ဝင်းနိုင်နှင့် ပျူစောထီးများဖျက်ဆီး၊ ရွာခံအိမ်(၂)လုံးကိုလည်း ယနေ့ ဝင်ရောက်မွှေနှောက်သွားခဲ့" "ဆင်တလည်ကျေးရွာမှ ကိုယ်ထူကိုယ်ထမူးမြစ်ကူးတံတားကို ရွာအုပ်ကြီး ဝင်းနိုင်နှင့် ပျူစောထီးများဖျက်ဆီး၊ ရွာခံအိမ်(၂)လုံးကိုလည်း ယနေ့ ဝင်ရောက်မွှေနှောက်သွားခဲ့" Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.