YBS ၄ ဘတ်စ်ကားတစ်စီး မီးလောင်

YBS ၄ ဘတ်စ်ကားတစ်စီး မီးလောင် ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က YBS ၄ ကားဂိတ်ထဲမှာ ရပ်နားထားတဲ့ YBS ၄ ဘတ်စ်ကားတစ်စီး မီးလောင်နေတာကို ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ် - Photo: CJ

ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ယာ လမ်းသွယ် (၁) လမ်းက YBS ၄ ကားဂိတ် ထဲမှာ နိုဝင်ဘာ ၁၆ ရက် ဒီနေ့ ၁၁ နာရီ ၂၀ မိနစ်လောက်က မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီဘတ်စ်ကား မီးလောင်မှုကြောင့် ဒဂုံဆိပ်ကမ်းနဲ့ သာကေတမြို့နယ်တို့က မြို့နယ်မီးသတ်ယာဉ် နှစ်စီး သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၁၁ နာရီခွဲမှာတော့ မီးငြိမ်းခဲ့ပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိကိုတော့ လတ်‌တလောမှာ RFA အနေနဲ့ မသိရှိရသေးပါဘူး။

မီးလောင်ခဲ့တဲ့ YBS ၄ ယာဉ်လိုင်းဟာ အရင်က မထသ ကနေ ၂၀၁၇ ခုနှစ်မှာ ပြောင်းလဲလာခဲ့တဲ့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) ရဲ့ ယာဉ်လိုင်း ဖြစ်ပါတယ်။

ဒီယာဉ်လိုင်းရဲ့ YUPT ကုမ္ပဏီဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ရန်ကုန်တိုင်းအစိုးရက ကား အစီးရေ ၅၀၀ ရှယ်ယာ ထည့်ဝင်ထားခဲ့တဲ့ ကုမ္ပဏီနှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက် မှတ်တိုင်နားမှာ YBS ၂၀ ဘတ်စ်ကား တစ်စီးဟာလည်း မီး‌လောင်ကျွမ်းခဲ့ရပါတယ်။

RFA Burmese

YBS ၄ ဘတ်စ်ကားတစ်စီး မီးလောင် YBS ၄ ဘတ်စ်ကားတစ်စီး မီးလောင် Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.