ဟားခါးမြို့အနီးတွင် CDF/CNA နဲ့ စကစတပ်အကြား ပစ်ခတ်မှု ဖြစ်ပွား


ယနေ့ည ၆:၅၀ခန့်က ဟားခါးမြို့အနီး ထန်တလန်ဘက်သွားရာလမ်းတွင် CDF/CNA နဲ့ စကစတပ်အကြားပစ်ခတ်မှုဖြစ်ပွားပြီး ၁၅ မီနစ်ခန့်ကြာမြင့်ခဲ့သည်။ 

"၆:၅၀ လောက်မှာ ဗုံး ၂ကြိမ်ပေါက်ပြီး သေနက်ပစ်ခတ်သံတွေ အဆက်မပျက်ကြားရတယ်။ ၁၅ မီနစ် လောက်တော့ ပစ်သွားကြတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

၇နာရီ ၁၀မီနစ်ခန့်တွင် ပစ်ခတ်သံတွေ ပြန်လည် ငြိမ်သက်သွားသည်။ နှစ်ဖက် ကျဆုံးနှင့် ဒဏ်ရာရာရသူ ရှိမရှိမသိရှိရသေးပေ။

Chin News Journal - CNJ

ဟားခါးမြို့အနီးတွင် CDF/CNA နဲ့ စကစတပ်အကြား ပစ်ခတ်မှု ဖြစ်ပွား ဟားခါးမြို့အနီးတွင် CDF/CNA နဲ့ စကစတပ်အကြား ပစ်ခတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 23:17 Rating: 5

No comments:

Powered by Blogger.