ခြေဆေး‌ရွာမှ ဒလန် ၂ ဦးအား မြင်းခြံ PDF ၃ ဖွဲ့ က သေနတ်နဲ့ပစ်သတ်ရှင်းလင်း


မြင်းခြံ၊ နိုဝင်ဘာ ၂၅၊  ၂၀၂၁။

မြင်းခြံမြို့နယ် ခြေဆေးရွာ စစ်ကောင်စီကျေးကျွန် ဒလန် ဝင်းမြင့် နှင့် တင်အောင်တို့အား မြင်းခြံ PDF ၃ ဖွဲ့မှသေနတ်ဖြင့်ပစ်သတ်ရှင်းလင်းခဲ့ကြောင်း 27 Revolution Forces (မြင်းခြံ) မှ တာဝန်ရှိသူက မြေလတ်အသံသို့ပြောပါတယ်။

"ကျနော်တို့ နှစ်ဆယ့်ခုနှစ် အဖွဲ့ကဦးဆောင်ပြီးတော့ မြင်းခြံမြို့နယ် ခြေဆေးရွာက ဒလန်နှစ်ကောင်ကိုသေနတ်နဲ့ပစ်သတ်ပြီးသုတ်သင်ရှင်းလင်းခဲ့တာပါ၊ ဒီနေ့မနက်ပိုင်းကသုတ်သင်ရှင်းလင်းခဲ့တာပါ၊ ပြည်သူတွေကိုဒုက္ခပေးနေတဲ့အပြင် သူတို့ကြောင့်ကလေးတွေရွာကိုမကပ်နိုင်ဘူး၊ သူတို့အမြင်မကြည်တဲ့သူ အမြင်ကပ်တဲ့လူဆိုလို့ရှိရင် စစ်ခွေးတွေကိုခေါပြီးတော့ ရိုက်ခိုင်းနှက်ခိုင်းစစ်ဆေးခိုင်း အဲဒီပုံစံမျိုးတွေလုပ်တာ၊ သူတို့တိုင်လို့အထင်လွဲပြီးတော့အဖမ်းခံရတဲ့ကလေးတွေများပါပြီ။" ဟု ၎င်းကပြောပါတယ်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့များနှင့် ရှင်းလင်းခဲ့ပုံကို "အဲဒါကြောင့် မဟာမိတ်ညီနောင်များနဲ့ပူးပေါင်းပြီး ဒလန်နှစ်ကောင်ကိုသေနတ်နဲ့ပစ်သတ်ရှင်းလင်းခဲ့တာပါ၊ ကျနော်တို့ localအဖွဲ့ပါဒုက္ခပေးတော့မှာမလို့ရှင်းပစ်ရတာ၊ အဲဒီဒလန်နှစ်ကောင်ကသေနတ်ဝယ်ဖို့အထိ စခန်းကိုလာပြီးတိုက်အထိလုပ်လို့ပါ၊ ခြေဆေးရွာမှာပဲပစ်သတ်ရှင်းလင်းခဲ့တာပါ" ဟု ထပ်မံပြောပါတယ်။

ကျန်ရှိနေသေးသော စစ်ကောင်စီ  ဒေါက်တိုင်ဒလန်  များကိုလည်း ဆက်လက်ပြီး ငရဲပြည်သို့ ဗီဇာမလိုပဲ အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း 27 Revolution Forces (မြင်းခြံ)၊ Zero ပြောက်ကြားတပ်ဖွဲ့ ( မြင်းခြံ)၊ Natogyi Regional forces ( နွားထိုး)ကာကွယ်ရေး မဟာမိတ်ညီနောင်များမှ ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟုထုတ်ပြန်ထားပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ခြေဆေး‌ရွာမှ ဒလန် ၂ ဦးအား မြင်းခြံ PDF ၃ ဖွဲ့ က သေနတ်နဲ့ပစ်သတ်ရှင်းလင်း ခြေဆေး‌ရွာမှ ဒလန် ၂ ဦးအား မြင်းခြံ PDF ၃ ဖွဲ့ က သေနတ်နဲ့ပစ်သတ်ရှင်းလင်း Reviewed by THITHTOOLWIN on 19:19 Rating: 5

No comments:

Powered by Blogger.