မြသိန်းတန်ဘုရားအနီး ပိတ်မိ​နေ​သော PDF တပ်ဖွဲ့ဝင် ၄၅ဦးအား ​အောင်မြင်စွာကယ်ထုတ်နိုင်


ကနီမြို့နယ် ချောင်းဝကြီးရွာအနီး မြသိန်းတန်ဘုရားတစ်ဝိုက်တွင် ပိတ်မိနေသည့် PDFတပ်ဖွဲ့ဝင် ၄၅ဦး ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟု Kani PDF (KLG)က ယနေ့ (နိုဝင်ဘာ ၂၆ ရက်)တွင် ထုတ်ပြန်သည်။ 

နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီက ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်နေသည့် KLG တပ်ဖွဲ့ဝင်များမှာခုခံကာကွယ်ခဲ့ပြီးနောက် စစ်တပ်၏ ပိတ်ဆို့မှုကို ခံခဲ့ရသည်။ 

ထို့နောက် ကနီမြို့နယ်ဒေသတွင်းမဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ညအစောပိုင်းတွင် အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့သည်ဟု KLGက ဆိုသည်။ 

ကယ်ထုတ်ခဲ့သည့်ဖြစ်စဥ်တွင်  ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦး အခြေအနေမစိုးရိမ်ရ ကျည်ထိမှန်ခဲ့ပြီး စစ်တပ်၏အထိအခိုက် အကျအဆုံးကို မသိရှိရသေးကြောင်း KLG က ပြောသည်။ 

ထို့အပြင် တိုက်ပွဲအတွင်း သာယာကုန်းရွာဘုန်းတော်ကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေသူ ပြည်သူ ၈ ဦးသည် စစ်တပ်၏ လက်နက်ကြီးထိမှန်ခဲ့၍ ပြည်သူနှစ်ဦး အခြေအနေစိုးရိမ်ရကြောင်း သတင်းရရှိသည်။

People's Spring 

မြသိန်းတန်ဘုရားအနီး ပိတ်မိ​နေ​သော PDF တပ်ဖွဲ့ဝင် ၄၅ဦးအား ​အောင်မြင်စွာကယ်ထုတ်နိုင် မြသိန်းတန်ဘုရားအနီး ပိတ်မိ​နေ​သော PDF တပ်ဖွဲ့ဝင် ၄၅ဦးအား ​အောင်မြင်စွာကယ်ထုတ်နိုင် Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.