မတူပီ-ပလက်၀လမ်း ကင်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ

ချင်းပြည်နယ် မတူပီ မြို့နှင့် ပလက်၀မြို့အကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ရက်က မတူပီ-ပလက်၀ လမ်းပေါ် အခြေစိုက်ထားသည့် ခမရ (၃၀၄) တပ်၏ ကင်းစခန်းသည်  ခရီးသွားပြည်သူများအား  ခြိမ်းခြောက်စစ်ဆေးခြင်း၊ အကြောင်းမဲ့မတရား ဖမ်းဆီးနှိပ်စက်ခြင်းများ ကျူးလွန်ခြင်းကြောင့် မတူပီ CDFနှင့် ချင်းအမျိုးသားတပ်မတော်(CNA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

“မတူပီမြို့အထွက် ခမရ (၃၀၄)က ဂိတ်ရှိတာပေါ့။ တပ်စိပ်တစ်ခုလောက် ရှိတယ် ၁၀ယောက်လောက်ပေါ့။ အဲဒီမှာ ခရီးသည်တွေ လုံခြုံရေးစစ်ဆေးမှုတွေဘာတွေ သူတို့ လုပ်တာ စည်းကမ်းနဲ့မညီတာတွေရှိတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့က သွားပစ်တာပေါ့”ဟု ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ မတူပီ- ပလက်၀လမ်းတွင် အောက်တိုဘာ ၃၀ရက်မှစ၍ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများခဲ့သည်။

လတ်တလောတွင် ချင်းပြည်နယ် ကန်ပက်လက်၌ စစ်ရေးတင်းမာနေပြီး ထန်တလန်မြို့ပေါ်တွင် လည်းစစ်ကောင်စီတပ်က ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဆလိုင်းထက်နီက ပြောသည်။

People's Spring 

မတူပီ-ပလက်၀လမ်း ကင်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ မတူပီ-ပလက်၀လမ်း ကင်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.