ဂန့်ဂေါတွင် ဆာလာအိတ်ထွက်ဝယ်သော ဒုရဲအုပ်နှင့် တပ်သားကို PDF မှတိုက်ခိုက်၊ တပ်သားသေပြီး ဒုရဲအုပ်ထွက်ပြေး

 

နိုဝင်ဘာ ၁၈ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင်၊ ယနေ့ နိုဝင်ဘာလ ၁၈ ရက် မနက် ၉:၄၀ ဝန်းကျင်က ဆိုင်ကယ်စီးနင်းလာသော ရဲတပ်ဖွဲ့ဝင် ၂ ဦးကို PDF-GanGaw ပြောက်ကျားတပ်မှ လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

အဆိုပါရဲနှစ်ဦးမှာ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှဖြစ်ပြီး စခန်းလုံခြုံရေးအတွက် ဘန်ကာပြုလုပ်ရန် ဆာလာအိတ် ထွက်ဝယ်သော၊ ဒုရဲအုပ်နှင့် ရဲတပ်သားတို့ ဖြစ်သည်ဟု PDF-GanGaw မှ သတင်းထုတ်ပြန်သည်။ 

တိုက်ခိုက်မှုကြောင့် ဆိုင်ကယ်နောက်မှ စီးသောရဲတပ်သားမှာ ပွဲခြင်းပြီး သေဆုံး၍၊ ဒုရဲအုပ်သည် ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ PDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့သည်ဟုလည်း သိရှိရပါသည်။


HTY Information III

ဂန့်ဂေါတွင် ဆာလာအိတ်ထွက်ဝယ်သော ဒုရဲအုပ်နှင့် တပ်သားကို PDF မှတိုက်ခိုက်၊ တပ်သားသေပြီး ဒုရဲအုပ်ထွက်ပြေး ဂန့်ဂေါတွင် ဆာလာအိတ်ထွက်ဝယ်သော ဒုရဲအုပ်နှင့် တပ်သားကို PDF မှတိုက်ခိုက်၊ တပ်သားသေပြီး ဒုရဲအုပ်ထွက်ပြေး Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.