အာဏာသိမ်း စစ်ကောင်စီက အလိုရှိနေဆုံး NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အဖမ်းခံရကြောင်း သတင်းများထွက်ပေါ်


နိုဝင်ဘာလ ၁၈ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ စွပ်စွဲချက်များတွင်အမြဲတမ်းပါဝင်နေတက်သူတစ်ဦးဖြစ်သလို စစ်တပ်၏ အလိုရှိဆုံး သူတစ်ယောက်ဖြစ်တဲ့ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အဖမ်းခံလိုက်ရပြီကြောင်းသိရသည်။

လက်တလော ထွက်ပေါ်နေသော သတင်းများ အရ ကိုဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ယာကို ဒီနေ့ညနေက  စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတဲ့အချိန်မှာ အဖမ်းခံရလိုက်ရတယ်သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိကြောင်း သတင်းနဲ့ပတ်သက်၍တော့ စစ်ကောင်စီဘက်က ယခုချိန်ထိသတင်း အတည်ပြုမထုတ်ပြန်တာမျိုးတော့မတွေ့ရှိရသေးပါဘူး။

ဒါပြင် ရန်ကုန်တွင်ဖြစ်ပွားခဲ့သော သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြိုနယ်နှင့် ကြည့်မြင်တိုင်မြိုနယ်၊ ဗားကရာမီးပွိုင့် ပစ်ခတ်မှုတွေအပြင် အခြားသော ပစ်ခတ်မှုအများစုကို ကိုဖြိုးဇေယျာသော်က နောက်ကွယ်က ခိုင်းစေခဲ့တာလို့ စစ်ကောင်စီက အမြဲတမ်း စွဲချက်တင်ဖော်ပြနေခဲ့တာလည်းဖြစ်ပါသည်။


HTY Information

အာဏာသိမ်း စစ်ကောင်စီက အလိုရှိနေဆုံး NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အဖမ်းခံရကြောင်း သတင်းများထွက်ပေါ် အာဏာသိမ်း စစ်ကောင်စီက အလိုရှိနေဆုံး NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အဖမ်းခံရကြောင်း သတင်းများထွက်ပေါ် Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.