ကလေးမြို့ စကစလက်နက်ပစ္စည်းတပ်ရင်းကို PDF-Zoland နှင့် CDF-KKG တိုက်ခိုက်၊ ယမ်းသို‌လှောင်ရုံ ပေါက်ကွဲ

(PDF Zoland တပ်ဖွဲ့ဝင်အချို့)

CNJ - နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် (၆၄၄) စစ်လက်နက်ပစ္စည်းတပ်ရင်းကို PDF Zoland နှင့် CDM-Siyin (CDF-KKG တပ်ရင်း ၂) တို့ပူးပေါင်းပြီး ယနေ့ညနေ ၆နာရီခွဲ အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း Zomi Federal Union မှ ထုတ်ပြန်သည်။ 

တိုက်ခိုက်မှုတွင် ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးမှုများရှိခဲ့ပြီး စကစတပ်ဖွဲဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်တွင်ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်။

Chin News Journal - CNJ

ကလေးမြို့ စကစလက်နက်ပစ္စည်းတပ်ရင်းကို PDF-Zoland နှင့် CDF-KKG တိုက်ခိုက်၊ ယမ်းသို‌လှောင်ရုံ ပေါက်ကွဲ ကလေးမြို့ စကစလက်နက်ပစ္စည်းတပ်ရင်းကို PDF-Zoland နှင့် CDF-KKG တိုက်ခိုက်၊ ယမ်းသို‌လှောင်ရုံ ပေါက်ကွဲ Reviewed by THITHTOOLWIN on 01:18 Rating: 5

No comments:

Powered by Blogger.