မင်းကင်း ကူလဲကျေးရွာတွင် non-cdm ဆရာနှင့် စစ်ကောင်စီသတင်းပေးဟု အမည်ထွက်သူ ထပ်မံအသတ်ခံရ

 


နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြိုနယ် ကူလဲကျေးရွာမှ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူနှင့် non-cdm ဆရာတစ်ဦး  နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်က ​​ ထပ်မံအသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့က အဖမ်းခံရသည့် ကိစ္စတွင် စစ်တပ်နှင့်အဆက်သွယ်ရှိသည်ဟုဆိုကာ non-cdm ဆရာမိသားစုသည် တောထဲတွင် မြေပဲစိုက်နေစဥ် နဂါးမုန်တိုင်းအဖွဲ့မှလာရောက် သတ်ဖြတ်သွားပြီး အလောင်းလာကောက်သူ ပျူစောထီး ၂၀ ကျော်ရောက်လာသေးသည်ဟု ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။ 

"ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့က အဲ့ဒီရွာကမင်းကင်းမှာ အဖမ်းခံရတဲ့ကိစ္စနှင့်ပတ်သက်ပြီးတော့ စစ်တပ်နဲ့အဆက်သွယ်ရှိတယ်ဆိုပြီးတော့ ကျောင်းဆရာမိသားစု တောထည်းမှာ ပဲစိုက်နေတုန်း နဂါးမုန်းတိုင်းအဖွဲ့က မဆိုင်တဲ့သူတွေ ဘာမှမလုပ်ဘူးဟုဆိုကာ တစ်ခါတည်း သတ်သွားတယ်မင်းကင်းဘက်ကနေ ပျူစောထီးဟုယူစရသူများ ၂၀ ကျော်လောက် အလောင်းလာကောက်တာတွေ့ရတယ်ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ 

ကူလဲကျေးရွာနှင့်အနီးတစ်ဝိုက်တွင် စစ်ဘေးကြောင့်ရှောင်ရှားသူများမရှိပေမဲ့ ဒလန်ရှင်းခြင်းကိစ္စများကြောင့် စကစနှင့်ပျူ​စောထီးများ ရောက်လာတက်တာကြောင့် တောတောင်အတွင်း ပုန်းခိုနေရသူပေါင်း ၁၀၀၀ ဝန်းကျင်ရှိသည်ဟု အဲ့ဒီဒေသခံတစ်ဦးက ပြောပါတယ်။

မျက်မှောက်ခေတ် 

မင်းကင်း ကူလဲကျေးရွာတွင် non-cdm ဆရာနှင့် စစ်ကောင်စီသတင်းပေးဟု အမည်ထွက်သူ ထပ်မံအသတ်ခံရ မင်းကင်း ကူလဲကျေးရွာတွင် non-cdm ဆရာနှင့် စစ်ကောင်စီသတင်းပေးဟု အမည်ထွက်သူ ထပ်မံအသတ်ခံရ Reviewed by THITHTOOLWIN on 07:20 Rating: 5

No comments:

Powered by Blogger.