နတ်မောက် မြို့မဈေး မီးညွှန့်ကျိုးပြီး မီးထိန်းနိုင်သွားဟုဆို


 နတ်မောက်မြို့မဈေး မီးလောင်

နတ်မောက်၊ နိုဝင်ဘာ ၁၃၊ ၂၀၂၁။

မကွေးတိုင်း၊ နတ်မောက်မြို့ရှိ နတ်မောက်မြို့မဈေးမှာ နို၀င်ဘာ ၁၃ ရက် ဒီကနေ့ည ၉ နာရီလောက်ကစပြီး မီးလောင်မှုဖြစ်ပွား‌ခဲ့တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

"၉ နာရီကျော်ကျော်ကမီးစလောင်တာပါ။ မီးလောင်တာ တော်တော်ကြာပါပြီ၊ မြို့မ‌ဈေးရဲ့မြောက်ဘက်အလယ်ပေါက်က စလောင်တာပါ။" လို့ ဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိအချိန်မှာ ဈေးအတွင်းမီးကူးတာများလာ‌နေပြီး မီး၀င်ငြိမ်းတဲ့သူတွေကိုလည်း စစ်တပ်က ပစ်မယ်လို့ ပြောထားတာကြောင့် ဘယ်သူမှမ၀င်ရဲကြဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်းမှုကြောင့် ထိခိုက်‌ သေဆုံးမှုနဲ့ ပစ္စည်းဆုံးရှူံးမှုတွေကို‌တော့ မြေလတ်အသံအနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။ 

 မြေလတ်အသံ - Myaelatt Athan

---------------------------------------------------------------

နတ်မောက် မြို့မဈေး မီးညွှန့်ကျိုးပြီး မီးထိန်းနိုင်သွားဟုဆို

နတ်မောက်၊ နိုဝင်ဘာ ၁၃၊ ၂၀၂၁။

မကွေးတိုင်း နတ်မောက်မြို့ မြို့မဈေးမီးလောင်ကျွမ်းမှုည ၁၁နာရီ ခွဲလောက်မှာ မီးညွှန့်ကျိုးပြီး မီးထိန်းနိုင်သွားပြီ ဖြစ်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဒီနေ့ ည ၉နာရီခွဲက စပြီးလောင်းခဲ့တဲ့ နတ်မောက်မြို့မဈေးရဲ့ ၄ပုံ ၃ပုံလောက်က မီးလောင်ကျွမ်းသွားခဲ့ပြီး မီးညွှန့်ကျိုးသွားပေမယ့် မီးအားလုံးမငြိမ်းသေးဘူးလို့ ဒေသခံတွေ ဆီက သိရပါတယ်။

"ဈေးအလယ်တောင်မြောက်လမ်းအရှေ့ဘက်အတွင်းဘက်တစ်ခြမ်းလုံးလောင်ကျွမ်းပြီးအပြင်တိုက်ခန်းတွဲဆိုင်ခန်းများလွတ်ပါတယ်" လို့ ပြောပါတယ်။

နတ်မောက်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၄ စီး၊ မြို့သစ်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး၊ တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်  ၂ စီး၊ မကွေးမီးသတ်ကား ၁ စီးနဲ့ မီးသတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 မြေလတ်အသံ - Myaelatt Athan



နတ်မောက် မြို့မဈေး မီးညွှန့်ကျိုးပြီး မီးထိန်းနိုင်သွားဟုဆို နတ်မောက် မြို့မဈေး မီးညွှန့်ကျိုးပြီး မီးထိန်းနိုင်သွားဟုဆို Reviewed by THITHTOOLWIN on 07:40 Rating: 5

No comments:

Powered by Blogger.