NLDရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ အိမ် ထပ်မံ ချိပ်ပိတ်ခံရ

အိမ်တွေ သိမ်းယူခံထားရသူ ၄၀ ကျော်ရှိသွားပြီ

နိုဝင်ဘာလ ၂၃ ရက်နေ့က မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးရဲ့ လယ်ဝေးမြို့က နေအိမ်ကို စစ်ကောင်စီ တပ်တွေက ချိပ်ပိတ်လိုက်ပါတယ်။

တနေ့တည်းမှာပဲNLDပါတီဝင် တွေ ဖြစ်ကြတဲ့ လယ်ဝေးမြို့နယ် သစ်ပုတ်ပင်ရွာက ကိုထွန်းထွန်းဝင်းရဲ့ နေအိမ်နဲ့ ပုဗ္ဗ သီရိမြို့နယ် ‌‌ဇီးကုန်းအုပ်စု ဇီးကုန်းရွာက ကိုရန်မျိုးအောင်ရဲ့ နေအိမ်လည်း ချိပ်ပိတ်ခံရတယ်လို့ NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ဗဟို ကော်မတီဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရဲ့ နေအိမ်တွေလည်း နိုဝင်ဘာလ ၂၂ ရက် ညပိုင်းကချိပ်ပိတ် ခံရတယ်လို့ သူက အတည်ပြုပါတယ်။

လောင်းလုံး မြို့နယ် မင်းရပ်ရွာကNLDတိုင်း လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးမြင့်စန်းနဲ့ ကျောက်ဆင်ရွာကNLDတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးတို့ရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံNLDကိုယ်စားလှယ်တွေ၊NLDပါတီကို ထောက်ခံသူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချပ်ပိတ် သိမ်းယူခဲ့ရာမှာ အခု နိုဝင်ဘာလမှာတော့ချိပ်ပိတ်တာတွေ ပိုပြီး ခပ်စိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။

ပုဒ်မ ၅၀၅ ထုတ်ပြန်ခံထားရလို့ တိမ်းရှောင်နေကြသူတွေကို PDF ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်မှု ဆက်စပ်မှုရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့အခုလ အတွင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကNLDပါတီ ကိုယ်စားလှယ်တွေ အတော်များများ နေအိမ်တွေ ချိပ်ပိတ် သိမ်းယူ ခံခဲ့ကြရ ပါတယ်။

အခုအချိန်အထိ အိမ်တွေ သိမ်းယူခံထားရသူ ၄၀ ကျော်ရှိသွားပြီ ဆိုတာ ဘီဘီစီက ရရှိထားတဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။

BBC Burmese

PDF နဲ့ ဆက်စပ်တယ်ဆိုပြီး NLD အမတ်တွေကို စစ်ကောင်စီက ပစ်မှတ်ထား၊ နေအိမ်တွေကိုသိမ်းယူနေ


NLDရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ အိမ် ထပ်မံ ချိပ်ပိတ်ခံရ  NLDရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ အိမ် ထပ်မံ ချိပ်ပိတ်ခံရ Reviewed by THITHTOOLWIN on 08:43 Rating: 5

No comments:

Powered by Blogger.