NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အိမ်အတွင်းသို့ ပျူဒလန်အဖွဲ့လာ‌ရောက် ပစ်သွားသော ပါဆယ်ဗုံးကြောင့် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးသေဆုံး


ရေစကြို၊ နိုဝင်ဘာ ၁၈

ရေစကြိုမြို့ အမှတ် ၁၊ ထင်းတန်းရပ်ကွက်တွင် နေထိုင်သော NLD အမာခံ တက်ကြွလှုပ်ရှားသူ ကိုအေးလှိုင် + မမာစီ နေအိမ်အတွင်းသို့ နိုဝင်ဘာ ၁၇ ရက်နေ့ည 10:25 pm အချိန်က ပျူဒလန်အဖွဲ့လာရောက်ပစ်ထည့်သွားသော ပါဆယ်ထုတ်ကို ပံ့သကူ လာပစ်သွားသော ပစ္စည်းထုပ် အထင်ဖြင့် ဖွင့်ဖောက်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကိုအေးလှိုင် (၅၂ နှစ်) ဇနီး မမာစီ (၄၅ နှစ်)၊ သမီးဖြစ်သူ မအေးသင်း (၂၀ နှစ်) နှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်စီ (၄၇ နှစ်) တို့သေဆုံးသွားကြောင်း အမျိုးသမီး ၃ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်၍ ကိုအေးလှိုင်မှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကြောင်း သိရပါသည်။

ပါဆယ်ထုတ်ကို ကုတ်အင်္ကျီအဖြူဝတ်ဆင်ထားသော ဆိုင်ကယ်သမားတစ်ဦးမှ လာရောက်ပစ်သွားခြင်းဖြစ်ကြောင်း၊ ရပ်ကွက်နေသူအချို့မှ ၎င်းလုပ်ရပ်သည် စခများနှင့် မူးရူးသောက်စားကာ ပေါင်းသင်းနေသော ရပ်ကွက်သား ပျူဒလန်ခေါင်းဆောင် မာတာ ဆိုသူနှင့်အဖွဲ့၏လက်ချက်ဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သိရှိရပါသည်။

ကိုအေးလှိုင်သည် NLD အောင်နိုင်ရေး ကာလတလျှောက်တွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲအပြီး ရပ်ကွက်အတွင်း ပြုလုပ်သော အောင်ပွဲတွင် ၎င်း၏နွားလှည်းဖြင့် လှည့်လည်ကာ ကခုန် ပျော်ပါးခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

esagyo Township Info Committee

NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အိမ်အတွင်းသို့ ပျူဒလန်အဖွဲ့လာ‌ရောက် ပစ်သွားသော ပါဆယ်ဗုံးကြောင့် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးသေဆုံး NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အိမ်အတွင်းသို့ ပျူဒလန်အဖွဲ့လာ‌ရောက် ပစ်သွားသော ပါဆယ်ဗုံးကြောင့် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:32 Rating: 5

No comments:

Powered by Blogger.