လှိုင်သာယာ၊ ၁၀ ရပ်ကွက်မှ အာဏာရှင်ကို ခေတ်အဆက်ဆက်ထောက်ခံ၍၊ ပြည်သူကိုဒုက္ခပေးနေသူ ဘင်လာဒင် ပစ်သတ်ခံရ


 (နိုဝင်ဘာ ၁၇ ရက်)

လှိုင်သာယာ၊ အမှတ် ၁၀ ရပ်ကွက်မှ၊ စစ်ကောင်စီသတင်းပေးအဖြစ် ကျော်ကြားသူ ရပ်ကျေးအဖွဲ့ဝင်  ဘင်လာဒင်(ခေါ်) ကျော်မင်းဦး နိုဝင်ဘာ ၁၇ ရက်နေ့ မနက် ၈:၃၀ ဝန်းကျင်က ဆင်ဖြူရှင်လမ်းမကြီးပေါ်တွင် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ 

“အဲ့ ဘင်လာဒင်က မကောင်းတဲ့ နေရာမှန်သမျှ နာမည်ကျော်တဲ့သူပါ .. သူက အခုမှဒလံလုပ်တာ မဟုတ်ဘူး ဟိုးအရင်ကတည်းက လုပ်တာ” ဟု မြို့နေပြည်သူတစ်ဦးမှ HTY Info သို့ပြောသည်။

ဒါပြင် “ဘင်လာဒင်က အာဏာရှင်လက်ထက်ထဲက ဂေါင်းလုပ်စားနေတာပါ။ ပြည့်တန်ဆာကောင်မလေးတွေဆီကအနိုင်ကျင့်ဗိုလ်ကျစားသောက်ပြီး ရဲတွေအတွက်လိုင်းကြေးကောက်ပေးနေသူပါ” ဟုလည်းဆိုပါသည်။

အဆိုပါ ပစ်ခတ်မှုကို Gods of Death (G.O.D) အဖွဲ့မှ ပြုလုပ််ခဲ့ခြင်းဖြစ်ပြီး  “ ဘယ်လောက်ဆိုးတယ်ဆိုတာတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး အာဏာရှင်ကို ခေတ်အဆက်ဆက်ထောက်ခံလာသူဖြစ်ပါတယ် သူ့ကြောင့်ပဲ အပြစ်မရှိတဲ့ပြည်သူတွေ ဖမ်းဆီချုပ်နှောင်ခံရတာတွေရှိသလို ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေလည်းမြောက်များစွာ ရှိပါတယ်” ဟု Gods of Death (G.O.D) အဖွဲ့၏တာဝန်ရှိသူမှ HTY Info သို့ အသိပေးပြောကြားခဲ့ပါသည်။

ပစ်ခတ်ခံရပြီးနောက် နေရာတွင်ပင်သေဆုံးသွားပြီး၊ ၎င်းတို့ဘက်မှ ဖယ်ရီကားဖြင့် အလောင်းကိုလာရောက်သယ်ဆောင်သွားသည်ဟု လည်းသိရှိရပါသည်။

HTY Information

လှိုင်သာယာ၊ ၁၀ ရပ်ကွက်မှ အာဏာရှင်ကို ခေတ်အဆက်ဆက်ထောက်ခံ၍၊ ပြည်သူကိုဒုက္ခပေးနေသူ ဘင်လာဒင် ပစ်သတ်ခံရ လှိုင်သာယာ၊ ၁၀ ရပ်ကွက်မှ အာဏာရှင်ကို ခေတ်အဆက်ဆက်ထောက်ခံ၍၊ ပြည်သူကိုဒုက္ခပေးနေသူ ဘင်လာဒင် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 06:51 Rating: 5

No comments:

Powered by Blogger.