ဒေါပိုးစီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ KNDFတို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့


နိုဝင်ဘာ(၂၃)ရက် မနက် ၆နာရီ ၅၇မိနစ်အချိန်၊ ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင် ဒေါပိုးစီဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)B-09 ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ငါးမိနစ်ကြာ ဖြစ်ပွားခဲ့တယ်လို့ (KNDF) B-09 တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

" စစ်ကောင်စီဖက်ကတော့ နှစ်ယောက်ကျတယ်။ထိခိုက်ဒဏ်ရာတချို့တော့ ရှိမယ်။ ဒါပေမယ့် အတည်မပြုနိုင်သေးဘူးပေါ့နော။ "

ဒေါပိုးစီ ဘုန်းကြီးကျောင်းရှေ့က နေအိမ်နှစ်လုံး ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ မနေ့က(နိုဝင်ဘာလ ၂၂ရက်)မှာလည်း စံပြခြောက်မိုင် ကျေးရွာ၊ ဒေါပိုးစီကျေးရွာ အနီးတစ်ဝိုက်မှာ ကရင်နီအမျိုးသားကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား(၂)ဦးသေဆုံးခဲ့တယ်လို့ KNDFက ထုတ်ပြန်ခဲ့ပါတယ်။

Kantarawaddy Times 

ဒေါပိုးစီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ KNDFတို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့ ဒေါပိုးစီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ KNDFတို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့ Reviewed by THITHTOOLWIN on 17:52 Rating: 5

No comments:

Powered by Blogger.