စစ်​ကောင်စီတပ် ၅ဦး ​သေ​အောင်အနီးကပ် တိုက်ခိုက်ခဲ့သော က​လေးPDF ကို ပြည်သူများ​ အောင်သ​ပြေဖြင့် တခဲနက်ကြိုဆို


အာဏာသိမ်းစစ်​ကောင်စီတပ် စစ်​ကြောင်းကို ယ​နေ့နံနက်တွင် ခြုံခိုတိုက်ခိုက်ကာ စစ်​ကောင်စီတပ်သား ၅ ဦး​သေဆုံးခဲ့​​သော အနီးကပ်တိုက်ပွဲပြီး​နောက် ပြန်​ရောက်လာ​သော က​လေးPDF တပ်ဖွဲ့ဝင်များကို က​လေးမြို့နယ်ရှိ ပြည်သူများက ​​သ​ပြေပန်းများဖြင့် သောင်း​​သောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

PDF တပ်ရင်း ၇ ကိုကြိုဆိုလိုသူများပြားသည့်အတွက် လုံခြုံ​ရေးအတွက် ကင်းချ၍ပင်ကြိုခွင့်ပြုခဲ့ရ​ကြောင်းသိရသည်။

က​လေး PDF တပ်ဖွဲ့ဝင်များကို ​အောင်သ​ပြေဖြင့် ကြိုဆို​နေကြသူများ

ယ​နေ့နံနက်တွင်ကလေးမြို့နယ် တောင်ပိုင်း ကြံသာရွာဘက်မှ ခြေလျင် တက်လာသော အင်အား ၂၅ဦး ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို   မှန်တောရွာအကျော်တွင် က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကအနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး​သေဆုံးခဲ့သည်။

ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။PDF(ကလေး) တပ်ဖွဲ့များ ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီးနောက် ဟံသာ၀တီ ရွာဘက်မှ စစ်ကောင် စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

က​လေး PDF တပ်ဖွဲ့ဝင်များကို ​အောင်သ​ပြေဖြင့် ကြိုဆို​နေကြသူများ

စစ်​ကောင်စီ​၏ အဆိုပါစစ်​ကြောင်းမှာ PDFက​လေးကတိုက်ခိုက်ပြီးနာရီဝက်ခန့်အကြာတွင်ချင်း​ဒေသကာကွယ်​ရေးတပ်(က​လေး-က​ဘော်-ဂန့်​ဂေါ)  CDF (KKG) တပ်ဖွဲ့ကအနီးကပ်ထပ်မံတိုက်ခိုက်၍ စစ်​ကောင်စီတပ်မှ နှစ်ဦး​သေဆုံးခဲ့ပြန်သည်။

People's Spring 

စစ်​ကောင်စီတပ် ၅ဦး ​သေ​အောင်အနီးကပ် တိုက်ခိုက်ခဲ့သော က​လေးPDF ကို ပြည်သူများ​ အောင်သ​ပြေဖြင့် တခဲနက်ကြိုဆို စစ်​ကောင်စီတပ် ၅ဦး ​သေ​အောင်အနီးကပ် တိုက်ခိုက်ခဲ့သော က​လေးPDF ကို ပြည်သူများ​ အောင်သ​ပြေဖြင့် တခဲနက်ကြိုဆို Reviewed by THITHTOOLWIN on 17:46 Rating: 5

No comments:

Powered by Blogger.