ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်


Nov 25,2021

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းကာ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

စစ်ကောင်စီတပ်ဖွဲ့က ရွှေကူမြို့အထက်ဘက် ၁၀ မိုင်ကျော်ခန့်ရှိသော ကချင်သေကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကချင်ခန့်က တက်လာခဲ့ရာ KIA နှင့် ရွှေကူ PDF ပူးပေါင်းတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“စစ်ကောင်စီဘက်က ကချင်သေဘက်ကို တက်လာခဲ့တာကို KIA နဲ့ PDF ပူးပေါင်းတပ်တို့ ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲ့နေရာဘက်က KIA နဲ့ PDF ရှိတယ်လေ။ နေ့လည်၁၂ နာရီဝန်းကျင်လောက်ဖြစ်မယ်။ အကြာကြီးတော့ မဟုတ်ဘူး။ သူတို့ရဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့မသိရဘူး”ဟုပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ နာရီဝက်အကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂ဖက်တပ်ဘက်မှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာမှ ပြန်လည်နောက်ဆုတ်သွားကြသည်ဟု သူကဆက်ဆိုသည်။

ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်တော် KIA တို့ မကြာခဏထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တစ်လတွင် အနည်းဆုံး ၃ကြိမ်ထက်မနည်း ပုံမှန်ဖြစ်ပွားနေသည်ပါသည်။


Kachin News Group 

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက် Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.