မြန်မာပလာဇာကို သပိတ်မှောက်ဖို့ လူငယ်တွေတောင်းဆို


နိုဝင်ဘာ ၂၅၊ ရန်ကုန်

ဒီနေ့ မြန်မာပလာဇာအတွင်းဝင်ရောက်ဆန္ဒပြနေတဲ့ လူငယ်တွေကို မြန်မာပလာဇာဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အတွက် မြန်မာပလာဇာကို သပိတ်မှောက်ဖို့ လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

YRF အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ တကယ်ဆိုရင် စစ်ကောင်စီက ဖမ်းရမှာလေ၊ ပလာဇာဝန်ထမ်း တွေက ဘာကြောင့်မှ ဖမ်းပြီး စစ်တာမေးတာ လုပ်ဖို့မလိုဘူး။ အခုတော့ သူတို့က စစ်ကောင်စီထက်ပို တက်ကြွနေတယ်၊ ပလာဇာရဲ့ လုပ်ရပ်ကို လုံးဝရှုံချတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ မြန်မာ ပလာဇာကို Boycott လုပ်ကြရမယ်” လို့ပြောပါတယ်။

မြန်မာပလာဇာထဲမှာ ဆန္ဒပြနေတဲ့ လူငယ်တွေကို Mall ရဲ့တာဝန်ရှိသူတွေက အတင်းဝင်ရောက်ဖမ်းဆီး တဲ့  အတွက် အမျိုးသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူငယ်တစ်ဦးကို ကားပါကင်ကိုခေါ်သွားပြီး ရိုက်နှက် စစ်မေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

နိုဝင်ဘာ ၂၅ ရက်က အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပြီး မြန်မာပလာဇာက လုံခြုံရေးဝန်ထမ်းတွေရဲ့ လုပ်ရပ်ကြောင်း အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာ ရခဲ့တာလည်း ဖြစ်ပါတယ်။ 


Burma VJ 

မြန်မာပလာဇာကို သပိတ်မှောက်ဖို့ လူငယ်တွေတောင်းဆို မြန်မာပလာဇာကို သပိတ်မှောက်ဖို့ လူငယ်တွေတောင်းဆို Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.