ချင်းနွားနောက်ရိုင်းများ လိုက်လံအခတ်ခံလိုက်ရသော အနော်ရထာစစ်ဆင်ရေး


"အနော်ရထာစစ်ဆင်ရေး" အမည်ဖြင့် ထိုးစစ်ဆင်လာသော သံချပ်ကာ ၂ စီး ပါဝင်သည့် စစ်ကားအစီး ၈၀ ကျော် စကစယဉ်တန်းရှည်သည်  မင်းတပ်မှ မတူပီသို့ ‌အနှောင့်အယှက် အနည်းငယ်ဖြင့် တက်သွားခဲ့သည်။ ပြန်ဆင်းလာရာတွင်လည်း အသွားကဲ့သို့ပင် အနှောင့်အယှက် ကြီးကြီးမားမားမရှိနိုင်ဟု ထင်မှတ်ထားပုံရသည်။ သံချပ်ကာ ပစ်ကူ၊ လက်နက်ကြီး မျိူးစုံပစ်ကူဖြင့် အင်အားကြီးကြီးမားမား ဆင်းလာသည်ကို CDF-MINDAT က ရှိန်မည်ဟု ယူဆထားပုံရသည်။ စစ်ကား ၇၅ စီးပါ စကစယဉ်တန်းရှည်သည် သံချပ်ကာ ၂ စီး အပါအဝင် လက်နက်အင်အားခဲယမ်းအပြည့်အစုံဖြင့် အောက်တိုဘာ ၃၁ ရက်နေ့မှစ၍ မင်းတပ်ကို ဦးတည်၍ ပြန်လည်ထွက်ခွာလာခဲ့သည်။ ချမ်းပြန်းရွာတွင် ညအိပ်ပြီး ဆက်လက်ထွက်ခွာလာရာနိုဝင်ဘာ ၁ နေ့တွင် မိုင် ၇၀ ၌ ညအိပ်ခဲ့သည်။ နိုဝင်ဘာ ၂ ရက်နေ့၌ CDF-MINDAT နှင့် စတင်ထိတွေ့ပြီး တိုက်ပွဲ စတင်လာခဲ့သည်။

Nov 2

နိုဝင်ဘာ ၂ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ၅၆ မိုင်တိုက်ပွဲတွင် စကစ ၂ ဦး ကျဆုံးပြီး ရှေ့ကင်းအဖြစ် လမ်းရှင်းလာသော စကစ JCB တစ်စီးကို မီးရှို့ခံခဲ့ရသည်။

Nov 3, 2021

မတူပီမှ ပြန်ဆင်းလာသော သံချပ်ကား ၂ စီး အပါအဝင် စစ်ကား ၇၅ စီးကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်းကြားတစ်နေရာတွင် မနက်ပိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စကစဘက်မှ ၁၀ ဦးခန့် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိသည်။ CDF-MINDAT မှ ၃ ဦး ဒဏ်ရာရပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး တိုက်ပွဲကျသွားခဲ့သည်။ ကျန် ၂ ဦးဒဏ်ရာမှာမူ မစိုးရိမ်ရ‌ပေ။ တိုက်ပွဲကျသူမှာ အသက် ၇၃ နှစ်အရွယ်ရှိ ပညာရေးအငြိမ်းစား၊ မင်းတပ်CDFရဲဘော်တစ်ဦးဖြစ်သည်။

ညနေပိုင်းတွင်လည်း CDF-MINDAT က စကစယဉ်တန်းကို ချုံခိုပစ်ခတ်မှုများဖြစ်ခဲ့ပြီး စကစ ၂ ဦး ကျဆုံးသည်။


Nov 4 

တိုက်ပွဲဖြစ်ပွားရာ ၂ နေရာရှိသည်။

မနက်ပိုင်း‌တွင် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင် မနက် ၈ နာရီခွဲကစ၍ စစ်ကြောင်းထိုးလာသော စကစ နဲ့ CDF-MINDAT တိုက်ပွဲဖြစ်ပြီး၊ CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စကစ ၅ ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ များလည်းရှိသည်။ စကစ ဘက်မှ လက်နက်ကြီး တရစပ်ပစ်ခတ်သည်။

မိုင်တိုင် ၄၃ တွင် နေ့လည် ၂ နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်သည်။ မတူပီမှ ပြန်ဆင်းလာသည့် သံချပ်ကာ ၂ စီးပါ စကစ ယဉ်တန်းရှည်ကို CDF-MINDAT က ရှေ့နောက် ညှပ်တိုက်ခြင်းဖြစ်သည်။ စကစများ ၂၀ နီးပါး ကျဆုံးသည်။ စကစယဉ်တန်း၏ နောက်ဆုံးကားကို တိုက်ခိုက်ချိန်ရာ၌ ကားဘေးတွင်၊ အောက်တွင် ‌အကာအကွယ်ယူသော စကစတပ်သားများ ကားပေါ်တက်ရန်ကြိုးစားချိန် ကားဆရာက ကားကိုမောင်းပြေးသဖြင့် စကစတပ်သား အကာအကွယ်မဲ့ပြီး အထိခိုက် ကျဆုံးများခြင်း ဖြစ်သည်။

CDF-MINDAT မှ ထိခိုက်ဒဏ်ရာရသူ မရှိပေ။


Nov 5

မိုင်တိုင် ၃၆ တွင် တိုက်ပွဲဖြစ်သည်။ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး CDF-MINDAT မှ စကစယဉ်တန်းရှည်ကို မုဆိုးချောင်း  ချောင်းပြီး နောက်မှတောက်လျှောက်လိုက်လံတိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲတွင် စကစဘက်မှ အကျအဆုံးကို မသိရဘဲ CDF-MINDAT တွင် ထိခိုက်သူ မရှိပေ။

Nov 6

မနက် ၁၁ နာရီခွဲ ဝန်းကျင် ၃၁ မိုင်တွင် တိုက်ပွဲဖြစ်သည်။ ဒေသခံရွာသားများနှင့် CDF-MINDAT တို့ပူးပေါင်းပြီး စကစယဉ်တန်းကို တူမီးများနှင့် အနီးကပ်ချုံခိုတိုက်ခိုက်ရာ စကစ ၈ဦးခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ အကြမ်းဖက် စကစတပ်များ လွန်ခဲ့သောအပတ်က မတူပီသို့ အလာလမ်းတွင် ဒေသခံများ၏ နွားနောက်များ သတ်စားခြင်း၊ အိုးအိမ်ပစ္စည်းအမျိုးမျိုးကို ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာသားများကပါဝင် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ၃၁ မိုင်အကျော်တွင် ပုပ်ပွစပြုလာသော စကစ အလောင်း တစ်ခုကို လမ်းဘေးမြှပ်ထားခဲ့ကြသည်။

Nov 7

တိုက်ပွဲ ၂ ကြိမ်ဖြစ်သည်။

မိုင်တိုင် ၂၆ ဝန်းကျင်၌ မနက်ပိုင်း ၁ ကြိမ် နှင့် နေ့လယ်ပိုင်း ၁ ကြိမ် ဖြစ်ပြီး စုစုပေါင်း စကစ ၁၈ ဦးခန့် ကျဆုံးခဲ့သည်။ တိုက်ပွဲတွင် CDF-MINDAT မှ တစ်ဦး ဒဏ်ရာရသော်လည်း မစိုးရိမ်ရပေ။

အကြမ်းဖက် စကစ စစ်တပ်မှ - စက်လတ်၊ ၄၀ မမ၊ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ၊ RPG၊ သံချပ်ကာ (.5) တွေနဲ့ မနားတမ်း ပြန်လည် ပစ်ခတ်ပြီး တုန့်ပြန်ခဲ့သည်။ မိုင်တိုင် ၂၇ တွင် စကစအလောင်းတစ်လောင်း မြုပ်ထားခဲ့ကြသည်။ စကစများ အေးသာယာရွာ ၂၃ မိုင်တွင် အိပ်ပြီး နောက်နေ့မနက်တွင် အိမ်များမီးရှို့ဖျက်ဆီးခဲ့ကြသည်။

Nov 8

၁၉ မိုင်တွင် နေ့လည် ၁ နာရီကျော်၌ တိုက်ပွဲစခဲ့ပြီးစကစ ၁၀ ဦးခန့် ကျဆုံးသည်။  သံချပ်ကာ တစ်စီးဘီးများပေါက်ပြီး ရပ်သွားသည်။ စကစယဉ်တန်းသည် သံချပ်ကာ ၂စီးကို ရှေ့ထုတ်ပြီး ကားများကို ၂ ထပ်ရပ်ကာ ကြားထဲတွင် အကာအကွယ်ယူသည်ကို တွေ့ရသည်။ စကစယဉ်တန်းရှည်တွင် လက်နက်ကြီးခဲယမ်းများ နည်းပါးလာသည်ဟု ယူဆရပြီး ပစ်ခတ်မှုနည်းပါးလာသည်။ ၁၁ မိုင်အထိ တက်လာသော ဒေသခံစကစ တပ်ရင်းကသာ ၁၆ မိုင်အထိ လက်နက်ကြီးလှမ်းပစ်ကူသည်ကိုတွေ့ရသည်။

CDF-MINDAT မှ အထိခိုက်မရှိပေ။


Nov 9

၁၆ မိုင်တွင် တိုက်ပွဲစပြီး စကစ ၅ ဦးခန့် ကျဆုံးပြီး မိုင်းထိ ဒဏ်ရာရသူများသည်။ CDF-MINDAT မှ ဆက်လက်၍ ၁၄ မိုင်အထိ နောက်မှလိုက်လံတိုက်ခိုက်ခဲ့ရာ နောက်ထပ် ၂ ဦးခန့် ကျဆုံးပြီး ဒဏ်ရာရသူများမည်ဟု ခန့်မှန်းရသည်။ 

လမ်းမပေါ် ရှိ သွေးကွက်များ ကို ဆေးခြင်း၊ မြေကြီးနှင့်ဖုံးခြင်း စသည်ဖြင့် သဲလွန်စများကို စကစများက ဖျောက်ဖျက်ကြသည်ကို တွေ့ရသည်။

Nov 10

၁၁ မိုင်ဝန်းကျင်တွင် CDF-Mindat နှင့် စကစတို့ ထိတွေ့မှုရှိခဲ့သည်။ စကစများ မိုင်းထိပြီး CDF-MINDAT က ဆက်လက် ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စကစတပ်မှ ဒဏ်ရာရသူ များမည်ဟု ခန့်မှန်းရပြီး အကျအဆုံးမည်မျှရှိမည်ကို မပြောနိုင်ပေ။

ဤစစ်ဆင်ရေးတွင် CDF-MINDAT နှင့် စကစယဉ်တန်းရှည်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ခန့်ရှိခဲ့ပြီး စကစစစ်သား ၇၀ ဝန်းကျင် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိမည်ဟု ခန့်မှန်းရသည်။ CDF-MINDAT မှ ကျဆုံးသူ တစ်ဦးရှိပြီး ဒဏ်ရာရသူ ၄ ဦးရှိသည်။ စကစယဉ်တန်းသည် စစ်ဆင်ရေးတစ်လျှောက် နေရာအမျိုးမျိုးမှ ရှေ့နောက်ဝိုင်းဝန်း ချုံခိုတိုက်ခိုက်ခြင်း ခံရခြင်းဖြစ်သည်။ ဒေသခံရွာသားများလည်း ဤတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ကြပြီး စကစများ သတ်ဖြတ်သွားသော နွားနောက်များ၊ ဖျက်ဆီးသွားသော အိုးအိမ်များအတွက် ချင်းထုံးစံအတိုင်း ဝိုင်းဝန်းအလျော်တောင်းကြခြင်းဖြစ်သည်။

Chin Defence Force - Mindat

ချင်းနွားနောက်ရိုင်းများ လိုက်လံအခတ်ခံလိုက်ရသော အနော်ရထာစစ်ဆင်ရေး ချင်းနွားနောက်ရိုင်းများ လိုက်လံအခတ်ခံလိုက်ရသော အနော်ရထာစစ်ဆင်ရေး Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.