အကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်တန်းအား ပုလဲ PDF မိုင်းခွဲရှင်းလင်း၊စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံး



စစ်ကိုင်းတိုင်း ကလေး-ဂန့်‌ဂေါဘက်မှ ပုလဲမြို့နယ်တွင်းဝင်ရောက်လာသည့် အကြမ်းဖက်စစ်‌ ကောင်စီတပ်၏ ယာဉ်တန်းနှင့်အတူ ရှေ့ပြေးခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၅၀ခန့်အား ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၅) ရဲဘော်မောင်ဝေ ဦးဆောင်သည့် ပြောက်ကျားတပ်ဖွဲ့မှ ယနေ့ နိုဝင်ဘာ ၁၃ရက်နေ့ ၃နာရီ ၅၀မိနစ်အချိန်တွင် မိုင်း၇လုံးဖြင့်ရှင်းလင်းခဲ့သည်ဟု ပုလဲ PDFကထုတ်ပြန်သည်။

အကြမ်းဖက်စစ်‌ ကောင်စီတပ်၏ ယာဉ်တန်းနှင့်အတူ ရှေ့ပြေးခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သားအင်အား ၅၀ခန့်သည်လက်နက်ငယ်များနှင့်ပစ်ခတ်ရင်း ချီတက်လာရာ ၅၉မိုင်နှင့် အင်တောပြန့်အကြား ကျွန်းချောင်းတံတားအရှေ့ဘက်အ‌ရောက်တွင် မိုင်း ၇လုံးဖြင့်ရှင်းလင်းခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် သေဆုံပြီး အများပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထိုနောက် သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိခဲ့သူများကို အရေးပေါ်လာရောက် သယ်ယူသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း ညနေ ၄နာရီတွင် မိုင်း ၁၀လုံး၊တဖက်ပွင့်တာဝေးကြီး ၅ ပြောင်းဖြင့် ထပ်မံရှင်းလင်းခဲ့ပြီး  သေနတ်သံများ လုံးဝနီးပါးငြိမ်သက်သွားသည့်အထိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရှင်းလင်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ နှစ်ကြိမ် မိုင်းခွဲရှင်းလင်းခဲ့ရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သံလွင်ခက် - Than Lwin Khet News

အကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်တန်းအား ပုလဲ PDF မိုင်းခွဲရှင်းလင်း၊စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံး အကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်တန်းအား ပုလဲ PDF မိုင်းခွဲရှင်းလင်း၊စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံး Reviewed by THITHTOOLWIN on 18:23 Rating: 5

No comments:

Powered by Blogger.