မိုးမောက်မြို့လယ်ခေါင်မှာအချိန်အတော်ကြာတိုက်ပွဲဖြစ်ပွား၊ အိမ်တွေပေါ်လက်နက်ကြီးကျရောက်မှုတွေလည်းရှိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့လယ်ခေါင်မှာ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကေအိုင်အေ ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဟာ နေ့လယ် ၁နာရီ ခွဲ လောက်ကနေ ညနေ ၅နာရီလောက်ထိရှိနေခဲ့ပြီး လက်နက်သံတွေကြားနေရတယ်လို့ဆိုပါတယ်။ အိမ်တစ်အိမ်ကို လက်နက်ကြီးကျခဲ့သလို စစ်ရှောင်စခန်းတစ်ခု ခြင်းလုံးခတ်တဲ့နေရာမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးရှိနေတယ်လို့ဆိုပါတယ်။

’’ ဖြစ်သွားတာကတော့ မိုးမောက် မြို့ပေါ်မှာဖြစ်သွားတာ။ သေနတ်သံတွေကို မှ ပေါက်ပေါက်ဖောက် သလိုဘဲ အင်မတန်ဆူညံတယ်။ လက်နက်ကြီးသံဆိုရင်လဲ၁၅ ချက်ကျော်ကျော်လောက်ကြားရတယ်။ လက်နက်ကြီးတွေလဲပစ်ကြတယ် အရပ်သားထိခိုက်မှုတွေလည်းရှိတယ်။ အရပ်သားအချို့ဖမ်းဆီးခံရတာလည်းရှိတယ် ’’လို့ မိုးမောက်မြို့လည်ခေါင်မှာဖြစ်သွားတာနဲ့ပတ်သက်ပြီး မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့အရပ်သား တစ်ယောက်ကဆိုရင်မြစ်ကြီးနား ကနေ အပြန်လက်နက်ထိမှန်တာဖြစ်ပြီး ခြေထောက်၂ချောင်းလုံး က ခြေကျင်ဝတ် နေရာမှာ ထိခိုက်ဒဏ်ရာပြင်းထန်ရရှိတယ်လို့ဆိုပါတယ်။မိုးမောက်ပြည်သူ့ဆေးရုံကိုလည်း စစ်ကောင်စီတပ်တွေဝင်ရောက်နေရာယူထားတဲ့ အခြေအနေရှိတယ်လို့ဆိုပါတယ်။ 

BBC Burmese

မိုးမောက်မြို့လယ်ခေါင်မှာအချိန်အတော်ကြာတိုက်ပွဲဖြစ်ပွား၊ အိမ်တွေပေါ်လက်နက်ကြီးကျရောက်မှုတွေလည်းရှိ မိုးမောက်မြို့လယ်ခေါင်မှာအချိန်အတော်ကြာတိုက်ပွဲဖြစ်ပွား၊ အိမ်တွေပေါ်လက်နက်ကြီးကျရောက်မှုတွေလည်းရှိ Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.