ကန်ပက်လက်မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ​ခြောက်ဦးထက်မနည်းဒဏ်ရာရ


ချင်းပြည်နယ် ကန်ပက်လက်မြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၈ရက်) မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီနေ့ ပစ္စည်းတွေ သယ်တာပေါ့။ မြို့ထဲကနေ ပစ္စည်းတွေ သယ်နေတဲ့ဟာကို ကျွန်တော်တို့ ကြားဖြတ်ပြီးတော့ တိုက်ခိုက်တဲ့သဘောပါ။ သူတို့ဘက်က ကျွန်တော်တို့ မျက်မြင်ပေါ့ ။ကျသွားတာက သုံးယောက်ရှိတယ်။ ဒဏ်ရာရတာက ​ခြောက်ယောက်ရှိတယ်။ဒီထက်လည်း ပိုရင် ပိုနိုင်တာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ကန်ပက်လက် CDF ဘက်မှ ကျဆုံးထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDFက ထုတ်ပြန်သည်။

လတ်တလောတွင် ကန်ပက်လက်မြို့နယ်တွင်း စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီတပ်က ထောက်ပံ့ရေး လမ်းကြောင်းများ ပိတ်ထား၍ CDF တပ်ဖွဲ့ဝင်များတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် ငွေကြေးအခက်အခဲများ ရှိနေကြောင်း၊ ပြည်သူများနေဖြင့် အတက်နိုင်ဆုံးအကူအညီပေးစေချင်ကြောင်း ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

ဒေသခံ ပြည်သူများအနေဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားပါက အိမ်ပြင်မထွက်ဘဲ လုံခြုံသည့် အကာအကွယ်ရှိသည့် နေရာ၌ နေထိုင်ကြရန်၊ နေအိမ်များ၌ ဗုံးခိုကျင်းများ တူးပြီး အကာအကွယ်ရှာထားရန်လည်း ၎င်းက တိုက်တွန်းသည်။

People's Spring 

ကန်ပက်လက်မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ​ခြောက်ဦးထက်မနည်းဒဏ်ရာရ ကန်ပက်လက်မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ​ခြောက်ဦးထက်မနည်းဒဏ်ရာရ Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.