သားဖြစ်သူကို ဖမ်းဆီးရာမတွေ့လို့ ဖခင် အဖမ်းခံလိုက်ရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ၂၆ ရက် မနေ့ကမနက် ၁၁ နာရီခန့်မှာ အောင်မြေမာန်ရပ်ကွက် မှာနေထိုင်တဲ့ ကိုချစ်ဖူးကို နေအိမ်မှာမတွေ့လို့ ဖခင်ဖြစ်သူ ဦးမောင်ညွန့် (၆၄) နှစ်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက သူ့ကိုဘာကြောင့် လာဖမ်းရသလဲဆိုတာ သူကိုယ်တိုင်လည်း မသိဘူးလို့ ကာယကံရှင် ကိုချစ်ဖူးက ပြောပါတယ်။

"ဖမ်းတာကတော့ အဓိက ကျနော့်ကို လာပြီးတော့ ဖမ်းတာပေါ့နော်။ ကျနော် အိမ်မှာ ရှိမနေတဲ့အတွက် ကျနော့် အဖေ့ကို လာဖမ်းသွားတယ်လို့ သိရတယ်။ ကျနော်ကို ဘာကြောင့်လာဖမ်းသလဲတော့ ကျနော်လည်း မသိဘူး"

ကိုချစ်ဖူးဟာ ကလေးမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေနဲ့ နွမ်းပါးပြည်သူတွေကို ထောက်ပံ့နေတဲ့သူဖြစ်ပါတယ်။

ကိုချစ်ဖူးတို့အိမ်ကို စစ်ကောင်စီတပ်တွေက အိမ်စီးကား လေးစီး၊ စစ်ကားသုံးစီးနဲ့ ရောက်လာပြီး ဖခင် ဖြစ်သူ ဦးမောင်ညွန့်ကို ကလေးဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်ကို ခေါ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဦးမောင်ညွန့်ကို ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး RFA က စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ သေဆုံးသူ ၆၅ ဦးကျော်နဲ့ ဖမ်းဆီးခံရသူ သုံးရာငါးဆယ်ကျော်ခန့် ရှိတယ်လို့ ကလေးမြို့ သပိတ်ဦးဆောင်တဲ့ အဖွဲ့ရဲ့ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese 

သားဖြစ်သူကို ဖမ်းဆီးရာမတွေ့လို့ ဖခင် အဖမ်းခံလိုက်ရ သားဖြစ်သူကို ဖမ်းဆီးရာမတွေ့လို့ ဖခင် အဖမ်းခံလိုက်ရ Reviewed by THITHTOOLWIN on 09:00 Rating: 5

No comments:

Powered by Blogger.