နတ်တလင်းနဲ့ မင်းလှမြို့နယ်တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဒလန်ဆိုသူရဲ့ နေအိမ်တွေ ဗုံခွဲတိုက်ခိုက်ခံရ


နတ်တလင်း၊ နိုဝင်ဘာ ၂၈၊ ၂၀၂၁။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့တွင် ယမန်နေ့ညက ဗုံးများပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နတ်တလင်းမြို့နယ်၊ စျေးလမ်းရှိ စစ်ကောင်စီသတင်းပေးဒလန်ဆိုသူ ညီဆွေဝင်း၏နေအိမ်ကို ယမန်နေ့ညနေ ၇ နာရီခန့်က  နတ်တလင်းမြို့နယ်က နတ်စစ်သည်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဖေါက်ခွဲ့မည့်အနီးတွင် ကလေးငယ်တဦးနှင့် ခွေးကောင်ဆော့ကစားနေသောကြောင့် ပစ်မှတ်လွှဲပစ်ခဲ့ရာ ကားအောက်တွင်သာ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း နတ်စစ်သည်အဖွဲ့က ထုတ်ပြန်ထားသည်။


ထိုနည်းတူ မင်းလှမြို့နယ် စိန်ပုအုပ်စု၊ ကျွဲတဲကုန်းကျေးရွာမှ  စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး ဝင်းနိုင်ဆိုသူ၏ နေအိမ်ကိုလည်း ယမန်နေ့ည ၁၂ နာရီခွဲခန့်က မင်းလှပြည်သူ့ကာကွယ်ရေးတပ် (MH.PDF)က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ၊ လူထိခိုက်မူ့မရှိပဲ နောက်ဆုံးအကြိမ်အဖြစ်သတိပေးတိုက်ခိုက်ခြင်းကြောင်းနှင့် ယခုထက်ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေစတင်တော့မှာဖြစ်ကြောင်း မင်းလှ PDF ကပြောသည်။

နတ်စစ်သည်အဖွဲ့ကလည်း နတ်တလင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား နှုတ်ထွက်ကြဖို့ သတိပေးထားကြောင်း သိရသည်။

မြေလတ်အသံ - Myaelatt Athan 

နတ်တလင်းနဲ့ မင်းလှမြို့နယ်တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဒလန်ဆိုသူရဲ့ နေအိမ်တွေ ဗုံခွဲတိုက်ခိုက်ခံရ နတ်တလင်းနဲ့ မင်းလှမြို့နယ်တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဒလန်ဆိုသူရဲ့ နေအိမ်တွေ ဗုံခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 09:21 Rating: 5

No comments:

Powered by Blogger.