ကျောက်ထုဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံး


ရွှေဖီမြေ၊ နိုဝင်ဘာ ၂၅ ရက်၊ ဆော

မကွေးတိုင်း ကျောက်ထုဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြားက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၉ ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး နိုဝင်ဘာ ၁၇ ရက် တိုက်ပွဲမှာလည်း ၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ထု PDF က ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

ရွာနှစ်ရွာမှ ပြည်သူတွေကို စစ်ကောင်စီက စုဝေးစေပြီး PDF တွေ စတင်တိုက်ခိုက်လာရင် ရွာတွေကို မီးရှို့ပစ်မယ်လို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာလည်း လက်ပန်းရွာမှ လူထုတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို ကျောက်ထု၊ ဆော PDF၊ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့-YDF (Saw & Kyaukhtu)နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်ထု PDF မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။


Shwe Phee Myay News Agency 

ကျောက်ထုဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံး ကျောက်ထုဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံး Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.