မော်လမြိုင်သို့ ပိုက်ဆံထုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီရဲကားနှစ်စီး တိုက်ခိုက်ခံရ

photo- ဝင်းရေးမြို့နယ်တွင် သွားလာလှုပ်ရှားနေသော အာဏာသိမ်းစစ်ကောင်စီတပ်

၂၅ ၊နိုဝင်ဘာလ၊၂၀၂၁ ခုနှစ်။  ။ဒူးပလာယာခရိုင်

ယမန်နေ့ နိုဝင်ဘာလ  (၂၄) ရက်နေ့ ညနေ (၄) နာရီဝန်းကျင် အချိန်တွင် အာဏာသိမ်းစစ်ကောင်စီ ရဲကား(၂)စီးအား ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းရှိ အောင်သာယာကျေးရွာနှင့် ကနင်ကမော့ကျေးရွာကြားတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်တာ ခံရကြောင်း သိရသည်။

" မော်လမြိုင်သို့ ပိုက်ဆံထုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီရဲကားနှစ်စီးက တိုက်ခိုက်ခံရပြီး အမည်မသိလက်နက်ကိုင် အဖွဲ့များနှင့် အပြန်အလှန် ​ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း" မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုတွင် အာဏာသိမ်းစစ်​ကောင်စီတပ်က (၁)ဦးသေကာ (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည (၇)နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးတစ်ချက်ဖြင့် ရမ်းသမ်းပစ်ခတ်မှုပြု ကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါတယ်။

ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက  သွားလာလှုပ်ရှားမှုများပြုလုပ်သည့်အတွက် ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံလူထုများ စိုးရိမ်ကြောက်ရွံ့ကာ ဘေးလွှတ်ရာသို့ တစ်ချို့ ထွက်ပြေးတိန်းရှောင်နေကြောင်း သိရသည်။ 


ဒူးပလာယာခရိုင်


မော်လမြိုင်သို့ ပိုက်ဆံထုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီရဲကားနှစ်စီး တိုက်ခိုက်ခံရ မော်လမြိုင်သို့ ပိုက်ဆံထုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီရဲကားနှစ်စီး တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.