"အကြမ်းဖက်စစ်ကောင်စီကားတစ်စီး အရာတော်မြောက်နယ် နောင်ကြီးအိုင်ရွာအထွက်တွင် မိုင်းဆွဲခံရ"



16.11.2021(TUE) | 8:00 PM

ယနေ့ နိုဝင်ဘာ(၁၆)ရက်၊ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို အရာတော်မြောက်နယ် နောင်ကြီးအိုင်ကျေးရွာအထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က ထုတ်ပြန်ကြေညာထားသည်ကိုတွေ့ရသည်။

ယခု တိုက်ခိုက်မှုနှင့် ပတ်သက်၍ ARA ပြန်ကြားရေးက "ထန်းတောကုန်းဘက်ကိုသွားတဲ့ကားဖြစ်ပါတယ်။ နောင်ကြီးအိုင်နဲ့ ထန်းတောကုန်းကြားမှာ တိုက်ခိုက်ခဲ့တာပါ။ ARA မြောက်ပိုင်း၊ (၅၇၇)ပစ်တိုင်းထောင်တပ်ဖွဲ့ရဲ့ လက်သံ‌အမြည်းပါ။ ကားရှေ့ခေါင်းတစ်ခုလုံး ကြေမွစုတ်ပြတ်သွားတာမို့ အသေအပျောက်ကတော့ ရှိဖို့များပါတယ်။ နောင်ကြီးအိုင်စခန်းထဲကကောင်တွေလည်း ထွက်လာပြီးကြည့်တယ်။ ခဏနေတော့ မြရိပ်စစ်တပ်က ကားတစ်စီးရောက်လာပြီး ကားအပျက်ကို ကြိုးနဲ့လာဆွဲသွားတယ်။"ဟု ဖုန်းဖြင့် ဖြေကြားအတည်ပြု‌ထားသည်။ 

ယ‌မန်နေ့ကလည်း နောင်ကြီးအိုင်ရဲစခန်းသို့လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုမှာ ရဲစခန်းရှေ့တွင်ပင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့သေးသည်။

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှကူးယူဖော်ပြသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

"အကြမ်းဖက်စစ်ကောင်စီကားတစ်စီး အရာတော်မြောက်နယ် နောင်ကြီးအိုင်ရွာအထွက်တွင် မိုင်းဆွဲခံရ" "အကြမ်းဖက်စစ်ကောင်စီကားတစ်စီး အရာတော်မြောက်နယ် နောင်ကြီးအိုင်ရွာအထွက်တွင် မိုင်းဆွဲခံရ" Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.