မုံရွာတွင် တပ်အပြင်ဈေးထွက်ဝယ်တဲ့ အမှတ် ၉၂၉ တပ်က ဒုအရာခံဗိုလ် ဦးခေါင်းတေ့ပစ်ခံရ၍ သေဆုံး


နိုင်ဝင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ရုပ်စုံကျောင်းလမ်းတွင် ဒီကနေ့ နံနက်ပိုင်းက တပ်အပြင် ဈေးထွက်ဝယ်သော ဒုအရာခံဗိုလ် တစ်ဦး ခေါင်းကို သေနတ်နဲ့တေ့ပစ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါပစ်ခတ်ခံရသူသည် န.မ.ခ လက်အောက်ခံ အမှတ် ၉၂၉ တပ်က အရာခံဗိုလ် သိန်းနိုင် ဆိုသူဖြစ်ပြီး အရပ်ဝတ်ဖြင့် တပ်ပြင်ပသို့ ဆိုင်ကယ်ဖြင့် ဈေးထွက်ဝယ်စဉ် ဦးခေါင်းကို ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။

၎င်းပစ်ခတ်မှုအား အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ (Special Regional Attacks Forces - MWA) မှလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားပါသည်။


HTY Information III

မုံရွာတွင် တပ်အပြင်ဈေးထွက်ဝယ်တဲ့ အမှတ် ၉၂၉ တပ်က ဒုအရာခံဗိုလ် ဦးခေါင်းတေ့ပစ်ခံရ၍ သေဆုံး မုံရွာတွင် တပ်အပြင်ဈေးထွက်ဝယ်တဲ့ အမှတ် ၉၂၉ တပ်က ဒုအရာခံဗိုလ် ဦးခေါင်းတေ့ပစ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.