အာဏာသိမ်းကာလ ရက်ပေါင်း (၃၀၃)အတွင်း အာဏာသိမ်းစစ်တပ်နှင့်ရဲတို့၏ အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးပြည်သူ (၁၂၉၉)ဦး အထိရှိ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၆၄၀) ဦးရှိပြီး ၎င်းတို့အနက်မှ  (၃၄၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နှင့်  ပြစ်ဒဏ်ကျခံရသူထဲတွင် အသက် (၁၈)နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၃၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၃၀၃)ရက်အတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံး ပြည်သူ စာရင်းအရ (၁၂၉၉)ဦးအထိ ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က နိုဝင်ဘာလ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ နွေဦးတော်လှန်ရေး ကာလအတွင်း အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံး ပြည်သူမှာ (၁,၂၉၉)ဦးအထိရှိရာမှာ ဖော်ပြပါ အရေအတွက်သည် AAPP မှ လက်လှမ်းမီသမျှ စာရင်းရရှိသလောက်သာ ဖြစ်ပြီး အမှန်တကယ် သေဆုံးသူများမှာ အများအပြားရှိနေနိုင်သေးကြောင်း သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၆၄၀) ဦးရှိပြီး ၎င်းတို့အနက်မှ  (၃၄၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နှင့်  ပြစ်ဒဏ်ကျခံရသူထဲတွင် အသက် (၁၈)နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၃၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။


Tachileik News Agency 

အာဏာသိမ်းကာလ ရက်ပေါင်း (၃၀၃)အတွင်း အာဏာသိမ်းစစ်တပ်နှင့်ရဲတို့၏ အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးပြည်သူ (၁၂၉၉)ဦး အထိရှိ အာဏာသိမ်းကာလ ရက်ပေါင်း (၃၀၃)အတွင်း အာဏာသိမ်းစစ်တပ်နှင့်ရဲတို့၏  အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးပြည်သူ   (၁၂၉၉)ဦး အထိရှိ  Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.