မင်းကင်းနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် မင်းကင်း PDFတို့ ၂နာရီကြာတိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်သား ရှစ်ဦး​သေ


မင်းကင်းမြို့နယ် ဖက်ခက်ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် နံနက်၈ မှ ၁၀နာရီအထိ ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့-မြစ်ရိုးအောက်ဒေသ(ပကဖ)က ယနေ့(နိုဝင်ဘာ ၃၀ ရက်)ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် အင်အား (၁၀၀) ခန့်ဖြင့် ယနေ့နံနက်၄နာရီအချိန်တွင် စတင်၍ စစ်ကြောင်းထိုးလာရာ  ကျောက်ခဲတတ်ကျေးရွာဘက်မှ  ဖက်ခက်ကျေးရွာဘက်သို့ ဦးတည်တတ်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂နာရီကြာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ၁၂ဦး အပြင်းအထန်ဒဏ်ရာရကြောင်း မင်းကင်း (ပကဖ)က အတည်ပြုသည်။ 

သေဆုံးသူများနှင့် ဒဏ်ရာရသူများကို မိုးကာများဖြင့် ပတ်ပြီး မော်တော်​လေးစီးဖြင့် တင်ဆောင်၍ ပန်းဆက်ကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်များပြန်လည် နောက်ကြောင်းဆုတ်သွားခဲ့သည်ဟု မင်းကင်း (ပကဖ)က ဆိုသည်။

စစ်တပ်မှ သေဆုံးသူများအနက် အရာရှိအဆင့် ပါဝင်ပြီး  အလောင်းအား ရဟတ်ယာဉ်ဖြင့် ပန်းဆက်ကျေးရွာသို့ လာရောက်သယ်ဆောင်သွားသည်ဟု သိရသည်။ 

အလောင်းအား လာရောက်သယ်ယူသော အကြမ်းဖက်စစ်တပ်သုံးရဟတ်ယာဉ်ပေါ်မှ ပြည်သူကို မဟုတ်မမှန် အကြောက်တရားသွင်းသော ဝါဒဖြန့် စာစောင်များ ကျေးရွာများပေါ်သို့ ကြဲချခဲ့သည်။ 

ထို့အပြင် ယနေ့တိုက်ပွဲတွင် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ - မြစ်ရိုးအောက်ဒေသ (ပကဖ) ၏ အဖွဲ့ဝင် ဖက်ခက်ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။


People's Spring 

မင်းကင်းနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် မင်းကင်း PDFတို့ ၂နာရီကြာတိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်သား ရှစ်ဦး​သေ မင်းကင်းနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် မင်းကင်း PDFတို့ ၂နာရီကြာတိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်သား ရှစ်ဦး​သေ Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.