မုံရွာမှာ ပစ် သတ်ခံရသည့် သင်္ကန်းအရေခြုံဘုန်းကြီးသည် စစ်တပ်သတင်းပေးနှင့်သူခိုးတစ်ဦးဖြစ်နေ

သင်္ကန်းအရေခြုံထားသည့် ဘုန်းကြီးတု တင်ဆောင်ဆင့်(ခ)ဒိန်းဒေါင် မုံရွာသာစည်လမ်းမီးပွိုင့်မှာ ဒီကနေ့မနက်ပိုင်းကအသတ်ခံရစဉ်

နိုဝင်ဘာ၁၃၊RNA

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သာစည်မီးပွိုင့်အနီး ဒီကနေ့မနက်ပိုင်းမှာ သာသနာခုတုံးလုပ်၍ သင်္ကန်းအရေခြုံထားသော ဘုန်းကြီးအတုတစ်ဦး ပစ်သ တ်ခံလိုက်ရသည်ဟု သိရသည်။

အသ တ်ခံရသည့်ကိစ္စနဲ့ပက်သက်ပြီး RNAမှ စုံစမ်းသိရှိချက်အရ ၎င်းသည် ဘုန်းကြီးအတုတစ်ဦးဖြစ်ပြီး စစ်တပ်သတင်းပေးသူတစ်ဦးလည်းဖြစ်ကြောင်း ခိုင်လူံတဲ့သက်သေများနှင့်တကွ သိရှိခဲ့ရသည်ဖြစ်သည်။

အသ တ်ခံရသူဘုန်းကြီးတုသည် တင်အောင်ဆင့်(ခ)ဒိန်းဒေါင် ဟုအမည်သိရှိရပြီး ယခင်က ပစ္စည်းခိုးသည်ကို သက်သေခံပစ္စည်းနှင့်တကွဖမ်းမိခဲ့လို့ ရဲတပ်သားများနှင့်ရင်းနှီး၍ စစ်တပ်အာဏာသိမ်းပြီးနောက် သင်္ကန်းခြုံ၍ စစ်တပ်သတင်းပေးသူတစ်ဦးအဖြစ် လုပ်နေကြောင်း သိရသည်။

၎င်းသည်လွန်ခဲ့သည့် ဖေဖော်ဝါရီလပိုင်းအတွင်းက မုံရွာပင်မသပိတ်စစ်ကြောင်း ကျောက္ကာလမ်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များက ကြားညှပ်ပစ်ခတ်ဖြိုခွင်းချိန် တင်ဆောင်ဆင့်(ခ)ဒိန်းဒေါင် ဘုန်းကြီးအတုသည် ၎င်း၏ပါလာသည့် ခရာကို အသုံးပြု၍ စစ်ကောင်စီတပ်သားများကို အချက်ပေးခဲ့ဘူးသည်ဟု သိရှိရပါသည်။

ဒါ့အပြင် တင်အောင်ဆင့်(ခ)ဒိန်းဒေါင်သည် စိတ်မနှံ့သူတစ်ဦးအဖြစ် ပြည်သူများရှေ့ရောက်ရင် ဟန်ဆောင်ကာ စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နေရာရောက်လျှင် လမ်းမှာတွေ့ရှိသမျှဖြစ်စဉ်တွေကို စစ်ကောင်စီတပ်သားများထံ သတင်းပေးပို့လျက်ရှိသည်။

ခရာတစ်ခုကိုအသုံးပြုကာ စိတ်မနှံ့သူတစ်ဦးအဖြစ် ဟန်ဆောင်နေပြီး ပြည်သူများအနည်းငယ်ရိပ်မိသည့်အခါမှာ စစ်တပ်က၎င်းခရာကို အသုံးမပြုဖို့မှာကြားခဲ့ပြီး မိုဘိုင်းဖုန်းကိုသာ အသုံးပြုဖို့ဝယ်ပေးသည်ဟု သိရှိခဲ့ရပြီး ဖြစ်နိုင်ရင် သင်္ကန်းအနီကို အစိမ်းပြောင်းချင်တယ်ဟု လမ်းပေါ်မှာကြွေးကြော်ခဲ့ဘူးပါသည်။

အာဏာမသိမ်းခင်လပိုင်းမှာ လူအဖြစ်ရှိနေပြီး ပစ္စည်းများလိုက်လံခိုး၍ သက်သေနှင့်တကွ ဖမ်းမိခဲ့ရာ ရဲတပ်သားများနှင့်အထဲမှာရင်းနှီး၍ အာဏာသိမ်းပြီးနောက်မှာ စစ်တပ်သတင်းပေးအဖြစ် ကျောင်းတိုက်မရှိဘဲ သူနေထိုင်ရာဗိုလ်တေဇလမ်းမှာပင် သင်္ကန်းခြုံ၍ ပြည်သူများသပိတ်စစ်ကြောင်းထဲရောနှောဝင်ရောက်လာ၍  စိတ်မနှံ့သူတစ်ဦးအဖြစ် စစ်တပ်ကိုဟန်ဆောင်သတင်းပေးခဲ့သည်ဟု သိရှိရပါသည်။

တင်ဆောင်ဆင့်(ခ)ဒိန်းဒေါင်သည် စစ်တပ်သတင်းပေးမှုအကြီးစားတစ်ဦးဖြစ်သည်ဟုသိရှိရသည်။အောက်တိုဘာလပိုင်းအတွင်းကို စစ်ကောင်စီတပ်သားများတပ်စွဲထားရာ မြို့တော်ခန်းမအတွင်းသိူ့ ဝင်ရောက်သွားလာခြင်း၊စစ်ကောင်စီတပ်များစစ်ဆေးရေးဂိတ်အတွင်းမှာ သွားရောက်သတင်းပေးခြင်း၊စိတ်မနှံ့သူတစ်ဦးအဖြစ် သင်္ကန်းအရေခြုံဘုန်းကြီးအတုတစ်ဦးအဖြစ် စစ်တပ်ကိုအကြီးစားသတင်းပေးသူတစ်ဦးဖြစ်ကြောင်းသိရှိရသည်။

၎င်း၏အောက်တိုဘာလပိုင်းအတွင်းက လှုပ်ရှားမှုအကြောင်းကို ဆက်လက်သိချင်ခဲ့လျှင်  Shadow Assassinမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဒီကနေ့မနက်ပိုင်းဖြစ်ပွားမှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဆိုတာကို လတ်တလောမသိရှိရသေး၍ ၎င်းဟာ မုံရွာမြို့စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူများ၏ လုပ်ငန်းစဉ်များကို ရက်စက်စွာ သတင်းပေးအချက်ပြ၍ အလားတူ မနေ့ကအောက်တိုဘာ၁၃ရက်နေ့မှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းကြီးတစ်ပါး ဆွမ်းစားနေစဉ် ပစ်သ တ်ခံရပြီး ကျေးရွာအတွင်းကို စစ်တပ်ခေါ်ဖျက်ဆီးခိုင်းလို့ရသည်ဟု ကြွေးကြော်ခဲ့ဘူးပါသည်။

ဓာတ်ပုံ-Social Mediaနှင့် Shadow Assassin

Regional News Agency -RNA






မုံရွာမှာ ပစ် သတ်ခံရသည့် သင်္ကန်းအရေခြုံဘုန်းကြီးသည် စစ်တပ်သတင်းပေးနှင့်သူခိုးတစ်ဦးဖြစ်နေ မုံရွာမှာ ပစ် သတ်ခံရသည့် သင်္ကန်းအရေခြုံဘုန်းကြီးသည် စစ်တပ်သတင်းပေးနှင့်သူခိုးတစ်ဦးဖြစ်နေ Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.