မြစ်ကြီးနားမှ လူငယ်၄ ဦးအား စစ်​ကောင်စီ အ​ကြောင်းမဲ့ဖမ်းဆီး


မြစ်ကြီးနားမြို့နယ် နောင်နန်း ကျမ်းစာသင်ကျောင်းအနီးရှိနေအိမ်တစ်အိမ်တွင် စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့်  ​ရောက်လာပြီး သေနတ်လေးချက်ပစ်ကာ လူငယ်သုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ယနေ့ညနေ ၃နာရီခန့်၌ ဖမ်းဆီးသွားကြောင်း သိရသည်။

"စစ်ကောင်စီတပ်သား​တွေ အ​ယောက် ၂၀ ​လောက်က အရပ်ဝတ်နဲ့ ​ရောက်လာတယ်၊ ပြီး​တော့ အိမ်ကအဖွားကို ပုံပြတာတဲ့ သူ့ကိုသိလားဆိုပြီး။ အဖွားမသိဘူး​လို့​ပြောတာ။ အဲစစ်​ကောင်စီအဖွဲ့က တစ်ခါတည်း  အိမ်ထဲဝင်ရှာပြီး ညီအစ်ကို ၃ ​ယောက်ကို ဖမ်းသွားတာ။ သေနတ်လည်း​ ၄ ချက် ဖောက်တယ်။"ဟု ​ဒေသခံတစ်ဦးကဆိုသည်။ 

ထိုဖြစ်စဥ်ကို ဓာတ်ပုံရိုက်နေသည့် မိန်းကလေးကိုလည်း စစ်ကောင်စီတပ်များသည် ထိုးကြိတ်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

​နေအိမ်တွင် အားသွင်းထားသည့် ဖုန်းတစ်လုံးကိုလည်း ယူသွား​ကြောင်း သိရသည်။ 

 ဘာ​ကြောင့် ဖမ်းဆီးသွားသည့်အ‌ကြောင်းရင်းကို မသိရ​ကြောင်းလည်း ဆိုသည်။

Kachinwaves 

မြစ်ကြီးနားမှ လူငယ်၄ ဦးအား စစ်​ကောင်စီ အ​ကြောင်းမဲ့ဖမ်းဆီး မြစ်ကြီးနားမှ လူငယ်၄ ဦးအား စစ်​ကောင်စီ အ​ကြောင်းမဲ့ဖမ်းဆီး Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.