ကနီနယ်တွင် တိုက်ပွဲပြင်းထန်လျှက်ရှိ၊ စစ်ကောင်စီရေယာဉ်တစီးကို နှစ်မြှုတ်ထားဟုဆို


စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ စဖိုကြီးကျေးရွာ၊ မဲဒင်ကျေးရွာနဲ့ သစ်ခက်ကျေးရွာတို့အနီး၌ နို၀င်ဘာလ ၂၁ ရက်နေ့ ယနေ့ညနေပိုင်းမှာ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)နှင့် ဒေသခံပြောက်ကျားရဲဘော်များ ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏ လက်ပါးစေ ဖက်ဆစ်စစ်တပ်တို့အကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း ဖက်ဆစ်စစ်တပ်မှ အကျအဆုံးများ၍ (အရေအတွက်မသိရသေး)စစ်ကူခေါ်ခဲ့ရာ ရေယာဥ်နှစ်စင်းစစ်ကူရောက်ရှိလာကြောင်း၊ စစ်ကူရေယာဥ်များအား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)မှ လက်နက်ကြီးပစ်ကူအသုံးပြုတိုက်ခိုက်ခဲ့ရာ ရေယာဥ်တစ်စီးထိမှန်မီးလောင်ခဲ့ကြောင်း၊ အဆိုပါစစ်ကူရေယာဥ်နှစ်စင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် ယခုအထိ ဖက်ဆစ်စစ်တပ်နှင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

"တိုက်ပွဲအခြေအနေကတော့ အခုညနေ၅နာရီလောက်ကစဖြစ်တာဗျ။ စစ်ခွေးတွေကကျေးရွာတွေကိုထိုးစစ်ဆင်လာတာ။ ဒေသခံပြောက် ကျားရဲဘော်တွေနဲ့ ကျနော်တို့ DRPA စစ်ကိုင်းတပ်ရင်းကပူးပေါင်းပီ ခုခံကာကွယ်စစ်ဆင်နွှဲနေတာပါ။ လက်ရှိမြေပြင်အခြေအနေကတော့ စစ်ခွေးတွေဘက်ကအကျအဆုံးများတယ်ဗျ။ အခုထိတိုက်နေတုန်း ဆိုတော့အရေအတွက်တော့အတိအကျမသိရသေးဘူး။ ပီးတော့ဒီ ကောင်တွေအကျအဆုံးများလို့စစ်ကူခေါ်တာနဲ့တူတယ်။​ ရေယာဥ်နှစ်စင်းစစ်ကူရောက်လာတယ်ဗျ။ ဒါကိုလည်း ကျနော်တို့ DRPA က လက်နက်ကြီးပစ်ကူသုံးပီတိုက်ခိုက်နိုင်ခဲ့တယ်။ ဒီအတွက်ရေယာဥ်တစ်စီးထိမှန်ပျက်စီးတယ်ဗျ။ အခုထိတော့ကျနော်တို့ပူးပေါင်းအဖွဲ့ဘက်က ကျဆုံးသူမရှိသေးဘူးခင်ဗျ"ဟု မြေပြင်မှ DRPA ရဲဘော်တစ်ဦးကသတင်းပေးပို့လာကြောင်း စစ်ရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ(ဗဟို) ဒုတိယဥက္ကဌကပြောကြားသည်။

ယခုအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ခွေးများကို ပူးပေါင်းအဖွဲ့က ဝိုင်းညှပ်ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲအရှိန်ပြင်းထန်နေကြောင်း စစ်ခွေးအင်အား ခန့်မှန်းငါးဆယ်ခန့်သာ ကျန်တော့ကြောင်း သတင်းရရှိပါသည်။

Department of Information - DRPA

ကနီနယ်တွင် တိုက်ပွဲပြင်းထန်လျှက်ရှိ၊ စစ်ကောင်စီရေယာဉ်တစီးကို နှစ်မြှုတ်ထားဟုဆို ကနီနယ်တွင် တိုက်ပွဲပြင်းထန်လျှက်ရှိ၊ စစ်ကောင်စီရေယာဉ်တစီးကို နှစ်မြှုတ်ထားဟုဆို Reviewed by THITHTOOLWIN on 02:06 Rating: 5

No comments:

Powered by Blogger.