NUG ဝန်ကြီး ဒေါက်တာတူးခေါင် အာဆီယံရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည်


 November 23 ရက်မှ 25 ရက်ထိ အာဆီယံရဲ့ ရာသီဥတု ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အွန်လိုင်းမှ တဆင့်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ နိုင်ငံတကာခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်ဆရာများ၊ သုတေသီများ၊ အစိုးရ အရာရှိများ တက်ရောက်မဲ့ ပွဲပါ။ အဖွင့်နေ့မှာတော့ အစိုးရတရပ်ရဲ့ ပေါ်လစီ နဲ့ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ (Policy and Governance Session) များကို နှီးနှောဖလှယ်ဖို့ တခြား အာဆီယံ ဝန်ကြီးတချို့နဲ့ အတူ ‌‌‌NUG ဝန်ကြီး ဒေါက်တာတူးခေါင် ဖိတ်ကြားခံရပါတယ်။

ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ စီမံအုပ်ချုပ်မှုပေါ်လစီမှာ အရမ်းကိုမူတည်နေပါတယ်။ အဲ့ဒီပေါ်လစီတွေဟာလဲ အာဏာရှင်အစိုးရတွေမှာ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ပါဘူး။ 

၂၁ ရာစုတွေမှာလူပြောများလာတာက ဌာနေတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်စီမံခွင့် မူဘောင် (Indigenous framework) သာလျှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက်အကောင်အထည်ဖေါ်နိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က နမူနာပေါင်းများစွာကို ကိုးကားပြီး ကောက်ချက်ချခဲ့ကြတာပါ။ 

အဲ့ဒီမူဘောင် ဆိုတာ တခြားမဟုတ်ဘူး၊ ဖက်ဒရယ်စနစ်ပါပဲ။ 

ဖေဖေါ်ဝါရီ (၁) ရက် နေ့မှစ စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းများစွာပိတ်သိမ်းပြီး သာမန်ပြည်သူ လက်လုပ်လက်စားအများပိုင်း အလုပ်လက်မဲ့ဖြစ်ကာ ရွာပြန်ကြတယ်၊ တခြားလုပ်စရာမရှိတဲ့အခါ တောထဲဝင်ပြီး သစ်တောနဲ့ သဘာဝ သယံဇာတများကို မှီခိုရင်း စားဝတ်နေရေးအတွက် ဖြေရှင်းကြရတယ်။ အကျိုးဆက်အနေနဲ့ မြန်မာ့သစ်တောမြေတွေ၊ သဘာဝ သယံဇာတ တွေ ဆုံးရှုံးနှစ်နာရတယ်။ အာဏာရှင်သာ ဆက်ရှိနေရင် သဘာဝ ပတ်ဝန်းကျင်ဟာ အချိန်တိုအတွင်း ပျက်စီးသွားမှာပါ။ ဒါကို ကုစားနိုင်ဖို့ ဆိုရင် နိုင်ငံရေးတည်ငြိမ်မှ ဖြစ်မယ်၊ ဒီမိုကရေစီ နိုင်ငံဖြစ်မှ အလုပ်အကိုင်အခွင့်အလှမ်းတွေပေါလာမှာဖြစ်တယ်။ ဒီတော့ သစ်တော နဲ့ သဘာဝ သယံဇာတအပေါ် အလွန်အကျွံ မှီခိုမှုတွေ လျှော့ကျလာမှာဖြစ်တယ်။ 

မြန်မာပြည်မှာ အာဆီယံဒေသတွင်း တခုထဲသော ရေခဲတောင်ရှိတဲ့ နိုင်ငံဖြစ်တယ်။ အာဆီယံရဲ့ အမွေအနှစ် (ASEAN Heritage) လို့ပြောလဲ ရပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ဒေသကို အာဏာရှင်တသိုက်ကြောင့် အဆုံးရှုံးမခံသင့်ကြောင်း သတင်းစကားပါးဖို့ ပြင်ဆင်ထားပါတယ်လို့ NUG ဝန်ကြီး ဒေါက်တာတူးခေါင် က သတင်းထုတ်ပြန်ထားပါတယ်။


NUG ဝန်ကြီး ဒေါက်တာတူးခေါင် အာဆီယံရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည် NUG ဝန်ကြီး ဒေါက်တာတူးခေါင် အာဆီယံရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည် Reviewed by THITHTOOLWIN on 02:38 Rating: 5

No comments:

Powered by Blogger.