တမူးမြို့တွင် ကြံ့ခိုင်ရေးနဲ့ မဘသ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ကြံ့ခိုင်ရေးနဲ့ မဘသ ဘက်ကပါဝင်တဲ့ ဦးချစ်အေး (၆ဝနှစ်) ဟာ ဒီမနက်တွင် ပါဟဲတံတားအနီးတွင် သေနတ်နဲ့ ၂ ချက်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီတပ်ကို ထောက်ခံသူတစ်ယောက်က ဦးချစ်အေးကို ပရဟိတသမား လို့ လူမှုကွန်ရက်ပေါ်မှာ ရည်ညွှန်း ရေးသားထားတာကိုတွေ့ရပါတယ်။ 


ဦးချစ်အေးအကြောင်းနဲ့ပတ်သက်ပြီး တမူးမြို့ ဒေသခံတစ်ဦးကို မေးမြန်းထားပါတယ်။ 

“ကြံ့ခိုင်ရေး၊ မဘသ ဘက်က တက်ကြွတဲ့သူတစ်ယောက်ပေါ့ဗျာ။ အာဏာမသိမ်းခင် ကိုဗစ်ကာလမှာ သိပ်မလှုပ်ရှားဘူး။ နန်းဖာလုံရပ်ကွက်မှာ ရပ်ကွက်ဂိတ်စောင့်အဲ့လောက်ပဲ။ စစ်တပ်က အာဏာသိမ်းပြီးတော့ တောက်လျှောက် ပရဟိတလုပ်ခဲ့တဲ့သူတွေက ၅၀၅ နဲ့အမှုဖွင့်ခံရတော့ အကုန်လုံးထွက်ပြေးကြတယ်လေ။ အဲ့ချိန်ကစပြီး ကိုဗစ်ကာကွယ်ရေးမှာထဲထဲဝင်ဝင်လုပ်လာတယ်” လို့ပြောပါတယ်။ 

ဦးချစ်အေးဟာ နောက်ကျောကနေ သေနတ် ၂ ချက်ပစ်ခံရပြီးတော့ ဆေးရုံရောက်ပြီးမှ သေဆုံးသွားပါတယ်။ အလောင်းကို ယနေ့ ညနေ ၃ နာရီတွင် သဂြိုလ်သွားကြတယ်လို့သိရတယ်။

Zalen 

တမူးမြို့တွင် ကြံ့ခိုင်ရေးနဲ့ မဘသ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရ တမူးမြို့တွင် ကြံ့ခိုင်ရေးနဲ့ မဘသ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 17:36 Rating: 5

No comments:

Powered by Blogger.