အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာ



Share/Bookmark

အမျိုးသားညီညွတ်ရေးအစိုးရ ကနေပြီးတော့ ဒီကနေ့ စက်တင်ဘာ၇ရက်မှာ

နိုင်ငံတဝန်း အရေးပေါ်အခြေအနေဆိုပြီး ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းပြောဆိုမှုနဲ့အတူ ကြေညာချက်ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။

အဲဒီကြေညာချက်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး စစ်ကောင်စီ အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို သိမ်းယူထားပြီး ပြည်သူလူထုကိုအကြမ်းဖက်

အန္တရာယ်ပြုနေတာကြောင့် ပြည်သူများကလည်း နည်းလမ်းစုံနဲ့ စစ်အာဏာရှင်ကို

ခုခံတွန်းလှန်နေကြောင်း အခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို

အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာတယ်ဆိုတဲ့ အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးဟာ ဒီကနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်ကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာတယ်ဆိုပြီး ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါတယ်။

အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ် တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ အဲဒီကာလအတွင်း ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-58396049



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ