တော်လှန်ရေး စတင်ကြောင်း NUG ကြေညာ

NUG #DDay #ဒူဝါလရှီးလ

စက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလက အာဏာသိမ်း စစ်ကောင်စီ အပေါ် စစ်ကြေညာ လိုက်ပါတယ်

စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ ဆိုပြီး NUG သမ္မတက ပန်ကြားပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF တပ်များ အနေနဲ့ မိမိတို့ ဒေသထဲမှာ ရှိနေတဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထား ထိန်းချုပ်ကြ ဆိုပြီးတော့လည်း ကြေညာချက်ထဲ ပါဝင်ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အားလုံး အလုပ်နေရာတွေကနေ ချက်ခြင်း စွန့်ခွာကြ၊ PDF တွေ အနေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို သတိထား ကာကွယ် စောင့်ရှောက်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို တသွေမတိမ်း လိုက်နာကြပါ ဆိုပြီးတော့လည်း ဒူဝါလရှီးလက ညွှန်ကြားပါတယ်။

စစ်ကောင်စီ တပ်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေထံ အကြောင်းကြားဖို့နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကို တတ်နိုင်သမျှ ကူညီကြဖို့ ဆိုပြီးတော့လည်း ပြည်သူလူထုကို NUG သမ္မတက ပန်ကြာထားတာကို သူ့ရဲ့ မိန့်ခွန်းထဲ တွေ့ရပါတယ်။

အခုတော်လှန်ရေးဟာ တရားမျှတတဲ့ တော်လှန်ရေး၊ ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့လည်း ဒူဝါလရှီးလက ထည့်သွင်းပြောဆို သွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58396049

တော်လှန်ရေး စတင်ကြောင်း NUG ကြေညာ  တော်လှန်ရေး စတင်ကြောင်း NUG ကြေညာ Reviewed by THITHTOOLWIN on 10:07 Rating: 5

No comments:

Powered by Blogger.