အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်အတွက် Radio NUG မကြာမီစတင်မည်။



၁၈ ဩဂုတ် ၂၀၂၁

မည်သို့သော အခြေအနေမျိုးမှာမဆို ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက်   Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Radio NUG အစီအစဉ်ကို ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သောကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။

စမ်းသပ်ထုတ်လွှင့်ချိန်ကာလဖြစ်သောကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် ဖမ်းယူရရှိခြင်းရှိ/မရှိ၊ အသံကြည်လင်ပြတ်သားမှုရှိ/မရှိတို့ကို နားထောင်ပြီး အသံဖမ်းယူပေးပို့ပေးခြင်းဖြင့် ကူညီကြပါရန် မေတ္တာရပ်ခံပါသည်။  

နေ့စဉ် မနက် ၈ နာရီ နဲ့   ည ၈ နာရီ တိုင်းမှာ (မိနစ်၃၀)စာ တနေ့လျှင် နှစ်ကြိမ် ထုတ်လွင့်သွားမည်ဖြစ်ပါသဖြင့် 10 Band Digital Radio အမျိုးအစားများကို ဆောင်ထားကြရန်လည်း တိုက်တွန်းပါသည်။


National Unity Government of Myanmar 

https://www.facebook.com/NUGmyanmar

အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်အတွက် Radio NUG မကြာမီစတင်မည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်အတွက် Radio NUG မကြာမီစတင်မည်။ Reviewed by THITHTOOLWIN on 17:43 Rating: 5

No comments:

Powered by Blogger.