စစ်ကောင်စီသီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝိုင် ၂ ခုကို ဖယ်ခုံ PDF ဖြိုချ



အကြမ်းဖက်မှုကိုလုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ယန္တာရားလည်ပတ်မှုကို ဟန့်တားဆောင်ရွက်နိုင်ရန်အတွက် ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြား လွယ်ဟွဲကျေးရွာအနီးရှိ လောပိတ အမှတ်(၃) စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားတဲ့ စစ်ကောင်စီ သီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝါတိုင် ၂ခုကို ဖယ်ခုံ PDFမှ မိုင်းခွဲဖျက်စီး ဖြိုချခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ တာဝါတိုင်း ၂ခုမှာ လောပိတမှနေပြည်တော်၊ လောပိတမှ မန္တလေးသို့ သွယ်တန်းထားတဲ့ ဓါတ်အားလိုင်း ၂ခုအနက် ပြည်သူလူထုသုံးစွဲခြင်းမရှိတဲ့ နေပြည်တော် စစ်ကောင်စီသီးသန့်သုံးလိုင်းမှ တာဝါတိုင်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မိုင်းခွဲဖျက်စီးခဲ့တဲ့ တာဝါတိုင်အနီးမှာ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းနဲ့ တပ်စွဲထားလျက်ရှိပြီး စစ်ရေးအခြေအနေတင်းမာလျက်ရှိသလို ဖယ်ခုံ PDF အနေနဲ့ စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။


ဓါတ်ပုံ - PDF Pekhon (Facebook)


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

စစ်ကောင်စီသီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝိုင် ၂ ခုကို ဖယ်ခုံ PDF ဖြိုချ စစ်ကောင်စီသီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝိုင် ၂ ခုကို ဖယ်ခုံ PDF ဖြိုချ Reviewed by THITHTOOLWIN on 17:46 Rating: 5

No comments:

Powered by Blogger.