မြန်မာစစ်အာဏာပိုင်တွေကို ဖိအားပေးဖို့ ARF အဖွဲ့ဝင်တွေကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း



Share/Bookmark
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရအုပ်ချုပ်မှု ပြန်ရအောင် ကြိုးပမ်းနေတဲ့ ပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့နဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်သွားစေဖို့အတွက် လက်ရှိအာဏာသိမ်းထားတဲ့စစ်တပ်ကို အာဆီယံဒေသတွင်း ARF (ASEAN Regional Forum) အဖွဲ့ဝင် နိုင်ငံတွေက ဖိအားပေးကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂၈ ကြိမ်မြောက် ARF နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံအလှည့်ကျ ဥက္ကဌ ဘရူနိုင်းလ် က ကမကထလုပ်ကျင်းပတဲ့ ARF အစည်းဝေးကိုတက်ရောက်လာတဲ့ အဖွဲ့ဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ၊ အာဆီယံအတွင်းရေးမှုးချုပ်နဲ့ အီးယူဥရောပသမဂ္ဂ ကော်မရှင်နာမင်းကြီးတို့နဲ့ တွေ့ဆုံပြီး အင်ဒို ပစိဖိတ်ဒေသတွင်း အရေးကိစ္စတွေ အတွက် ဒီမိုကရေစီကျကျ ပွင့်လင်းမြင်သာပြီး တာဝန်ခံတာဝန်ယူမှု ရှိရှိ လုပ်ဆောင်ရေးဟာ အရေးပါကြောင်းလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ကြာသပတေးနေ့က မဲခေါင်ဒေသတွင်းနိုင်ငံတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံ ခေါင်းဆောင်တွေ ဖြေရှင်းဖို့ ထပ်မံတိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်ဖို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လုပ်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်ကို တောင်းဆို ဖို့လည်း အာဆီယံခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့ကြောင်းလည်း ပြောပါတယ်။ 


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/us-myanmar-asean/5993811.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ