အင်းစိန်အကျဉ်းထောင်းက ဆန္ဒပြမှုကို အလေးထားဖို့ အနောက်နိုင်ငံသံရုံးတွေ တိုက်တွန်း

အင်းစိန်ထောင် အဝင်ဝဂိတ်

ရန်ကုန် အင်းစိန်ထောင်အတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး အကျဉ်းသားတွေက ဆန္ဒပြတောင်းဆိုနေကြတာကို လေးစားလိုက်နာပေးဖို့ မြန်မာစစ်ကောင်စီကို အနောက်နိုင်ငံ သံရုံးတွေက မနေ့ ဇူလိုင် ၂၃ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေး ဖို့လည်း တောင်းဆိုလိုက်ကြောင်း နဲ့ ဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ကျေညာချက်မှာ ပါရှိပါတယ်။

အဲဒီကျေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိ နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေက သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေက စုပေါင်းလက်မှတ်ထိုးထုတ်ပြန်ထားပါတယ်။ |

ဒီကျေညာချက်ကို အမေရိကန်၊ သြစတေးလျနဲ့ ယူကေသံရုံးတို့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာတွေမှာလည်း တင်ထားပါတယ်။

မနေ့ ဇူလိုင် ၂၃ရက် မနက် ၇ နာရီခွဲလောက်က အင်းစိန်ထောင်အတွင်းမှာ အကျဉ်းသားတွေက ဒို့အရေး ကြွေးကြော်သံတွေနဲ့ သီချင်းသံပြိုင် အော်ဟစ်သီဆိုကြပြီး ဆန္ဒပြလှုပ်ရှားမှုတခု လုပ်ခဲ့ကြတယ်လို့ ကိုယ်တိုင်ကြားခဲ့ရသူ ရှေ့နေတဦးဖြစ်တဲ့ ဒေါ်မြသဇင်က ဗွီအိုအေကို ပြောပြပါတယ်။ 


VOA Burmese

https://burmese.voanews.com/a/west-embassies-urge-myanmar-to-emphasis-insein-prison-uprising/5977574.html

အင်းစိန်အကျဉ်းထောင်းက ဆန္ဒပြမှုကို အလေးထားဖို့ အနောက်နိုင်ငံသံရုံးတွေ တိုက်တွန်း အင်းစိန်အကျဉ်းထောင်းက ဆန္ဒပြမှုကို အလေးထားဖို့ အနောက်နိုင်ငံသံရုံးတွေ တိုက်တွန်း Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.