မြန်မာထောင်တွင်း ဝင်ရောက်တဲ့လုပ်ငန်းတွေပြန်စဖို့ ICRC ညှိနှိုင်းနေ

ရန်ကုန် အင်းစိန်အကျဉ်းထောင် ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ ( ဧပြီလ ၁၇၊ ၂၀၂၀)

အင်းစိန်ထောင်နဲ့ တခြားထောင်တွေကို သွားပြီးလေ့လာဖို့နဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ အကျဉ်းထောင် တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ပြောပါတယ်။

ဒီလုပ်ဆောင်မှုတွေဟာ လူသားချင်း စာနာထောက်ထားမှု သက်သက်အနေနဲ့သာ ဖြစ်တယ်လို့လည်း ICRC ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရသူတွေ မနေ့က ကြွေးကျော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြခဲ့ပြီးတဲ့နောက် ICRC ရဲ့ ဒီကနေ့ထုတ်ပြန်ချက် ထွက်လာတာပါ။

ICRC က အကျဉ်းထောင် သွားလေ့လာတာနဲ့ အကူအညီပေးလုပ်ငန်းတွေကို COVID-19 ရောဂါ စဖြစ်ချိန်ကတည်းက ရပ်ထားရပြီး အကျဉ်းချထားတဲ့နေရာတွေမှာ COVID-19 ရောဂါနဲ့ အထွေထွေကျန်းမာရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့ ပေးအပ်နိုင်ဖို့အတွက်လည်း ထပ်ပြီး ကမ်းလှမ်းထားပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ လတ်တလော ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို ICRC က အနီးကပ် စောင့်ကြည့်နေပြီးတော့ အကျဉ်းထောင်တွေအပါအဝင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် ထိခိုက်ခံစားရတာတွေ မြင့်တက်လာနေတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ICRC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/myanmare-prisons-icrc-jail-riot-protest-insein-/5977658.html

မြန်မာထောင်တွင်း ဝင်ရောက်တဲ့လုပ်ငန်းတွေပြန်စဖို့ ICRC ညှိနှိုင်းနေ မြန်မာထောင်တွင်း ဝင်ရောက်တဲ့လုပ်ငန်းတွေပြန်စဖို့ ICRC ညှိနှိုင်းနေ Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.